စံ ညိမ်း ဦး - နွေဦးအရေးတော်ပုံ
နွေဦးအရေးတော်ပုံ
စံ ညိမ်း ဦး
(မိုးမခ) မတ် ၂၀၊ ၂၀၂၁
သစ်သားက မီး နဲ့တွေ့ရင် ပြာဖြစ်တယ်
သံက မီးနဲ့တွေ့ရင် သံမဏိဖြစ်တယ်
ဒီလိုပဲ ကျက်ခဲ့ရပါတယ်။
စစ်ပင်ကြီးက ကိုင်းလို့ စစ်ကိုင်းမြို့လို့ဆိုကြရင်
စစ်ပင်ကြီးကို ခုတ်လို့ စစ်ခုတ်မြို့ဆိုတာကိုလည်း
တည်ကြရပါမယ်။
ဒီ ဒိုင်ယာရီ
အသည်းက မှင်မလိုက်လို့
လက်ဖျံရိုးနဲ့ပဲ ရေးခဲ့ရပါတယ်။