Breaking News

အောင်မော်ဦး - အရေးပေါ်ကြေညာချက်

Art - Than Htay Maung

"အရေးပေါ်ကြေညာချက်"
အောင်မော်ဦး
(မိုးမခ) မတ် ၁၅၊ ၂၀၂၁

စစ်ပွဲက မြို့ထဲကိုရောက်လာတဲ့အခါ
ငါတို့အိမ်ဟာ ငါတို့ခံတပ်
ငါတို့ယုံကြည်ချက်ဟာ ငါတို့လက်နက်
ငါတို့ကိုယ်ဟာ ငါတို့ လူ့ဂုဏ်သိက္ခာ
ငါတို့မှာ ရွေးချယ်စရာက
တော်လှန်ရေးပဲရှိတော့တယ်
တယောက်ချင်း
တမြို့ချင်း 
ကြုံသလို ချကြရင်တော့
ဆရာစံလို ခံရမယ်
ဒါပေမယ့်
တနိုင်ငံလုံး ပြန်ချကြရင်တော့
ဗီယက်နမ်လို အနိုင်ရမယ်
ဘာကိုရွေးမလဲ ရဲဘော်တို့။ ။