လှကျော်ဇော - အစိုးရတရပ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ နိုင်ငံတကာရဲ့တာဝန်

အချုပ်အခြာအာဏာပိုင်မှု ဆိုတဲ့ သဘောတရားဟာ အစိုးရများအတွက် မိမိနိုင်ငံအတွင်းရေးများအတွက်ဖြစ်ဖြစ် မိမိတိုင်းသူပြည်သားများကိုချုပ်ကိုင်ရာမှာဖြစ်ဖြစ် လုပ်ချင်ရာတွေလုပ်နိုင်ဖို့ အတွက်လုံးဝကင်းလွတ်ခွင့်ရရှိစေတဲ့ အခွင့်အာဏာတရပ်ဖြစ်နေတာ နှစ်ပေါင်းရာချီရှိခဲ့ပါပြီ။
ဒီအခြေအနေတွေဟာ တည်မြဲမနေတော့ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့က လူ့အခွင့်အရေးနဲ့ အစိုးရအပြောင်းအလဲများအပေါ် တဖြည်းဖြည်းအာရုံစိုက်လာပါတယ်။ ပုဂ္ဂလိကအခွင့်အရေးများနဲ့ပတ်သက်ပြီး အရေးပါတဲ့ ဖြစ်ထွန်းမှုတွေရှိလာပါတယ်။
လူသားများရဲ့ တချို့အုပ်စုများ (ဥပမာ- အမျိုးသမီးများနဲ့ ကလေးသူငယ်များ) ဆိုင်ရာ သဘောတူညီချက်များဟာလည်း နိုင်ငံတကာအတိုင်းအတာအရ လူ့အခွင့်အရေးများကို တိုးတက်ကာကွယ်ပေးရေးလမ်းကို ထိုးဖောက်ပေးနိုင်ခဲ့ပါတယ်။ ဒီလို သဘောတူ စာချုပ်တွေကို ချုပ်ဆိုနိုင်မှုတွေဟာ နိုင်ငံတကာရဲ့နိုးကြားတက်ကြွလာမှုကို ပြသရာဖြစ်တဲ့အပြင် ပုဂ္ဂလိကလူတဦးချင်းရဲ့အခွင့်အရေးများဟာ နိုင်ငံတကာဥပဒေမူများရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတရပ်ဖြစ်တယ် ဆိုတာကို တညီတညွတ်တည်းလက်ခံလာမှု ကိုပါထင်ဟပ်ပြတာဖြစ် ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားမှုနယ်ပယ်အတွက် ဒုတိယ ဖြစ်ထွန်းမှုကတော့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်လုပ်ဆောင်ခဲ့တဲ့နိုင်ငံအကြီးအကဲများကို စုံစမ်းစစ် ဆေး တရားစီရင်ဖို့ နုရင်ဘတ်ခုံရုံးပေါ်ထွက်လာမှုက စတင်လိုက်ပါတယ်။
ဒါက လူအများအပြားအပေါ် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်လာသူများဟာ အချုပ်အခြာအာဏာပိုင်မှု နံရံတံတိုင်းကြီးနောက်မှာ ပုန်းကွယ်ပြီးနေလို့ မရနိုင်တော့ဘူး ဆိုတာ ရှင်းသွားပါတယ်။
၁၉၉၀ ခုနှစ်များကစလို့ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဒါကိုအစိုးရများက လိုက်နာဖို့တာဝန်ခံရေးတွေဟာ နိုင်ငံတကာဆွေးနွေးပွဲများရဲ့ဗဟိုအချက်အချာ ဖြစ်လာပါတယ်။
စစ်အေးတိုက်ပွဲအပြီးမှာ နိုင်ငံတကာဆက်ဆံရေးများမှာ အပြောင်းအလဲတွေဖြစ်လာပါတယ်။ ပထမဦးစွာအားဖြင့် နိုင်ငံတကာပဋိပက္ခနဲ့စစ်ပွဲများဟာ အကြီးစားပြည်တွင်းအကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားပြီး များသောအားဖြင့် လူသားများအတွက် ကြီးမားတဲ့ဘေးအန္တာရာယ်များ ကျရောက်စေခဲ့ပါတယ်။
ယူဂိုစလပ် (ကိုဆိုဗို) ရဝမ်ဒါ ဆိုမာလီ လိုင်ဘေးရီးယား တို့မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိက္ခ တွေနဲ့ ဘေးဒုက္ခအမျိုးမျိုးတွေက နိုင်ငံတကာအဖွဲ့အစည်းရဲ့အသိတရားနဲ့ ကျင့်ဝတ်ဆိုင်ရာ ပူပန်မှု တွေကိုပေါ်ပေါက်စေခဲ့ပြီး အစိုးရများအတွက် လူ့အခွင့်အရေးများ အပေါ်အေ လးအနက် ထားရေးလိုအပ်မှုကို တညီတညွတ်တည်း သဘောတူညီခဲ့ကြပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အဖိနှိပ်ခံ ပြည်သူများအပေါ် ထောက်ခံကူညီဖို့ တာဝန်ဟာ ပိုမို ခိုင်မာအားကောင်းလာပါတယ်။
ဒုတိယအချက် ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက်ကုလသမဂွလုံခြုံရေးကောင်စီက ပြည်တွင်းပဋိပက္ခများနဲ့အကြမ်းဖက်မှုများကို နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ သတ်မှတ်လိုက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးဟာ ဆက်စပ်နေတယ် လို့ဆိုခဲ့ပါတယ်။
ဒါကြောင့်ပဲ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံများရဲ့ပိုင်နက်အတွင်း စနစ်တကျ ကြမ်းတမ်းရက်စက်တဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှုများနဲ့ လူသားများရဲ့ဘေးအန္တရာယ်များကို တာဝန်ခံပေးဖို့လိုအပ်လာပြီး နယ်နိမိတ်ဘောင်များအတွင်း လူသားမျိုးနွယ်များရဲ့ဒုက္ခ အဖုံဖုံကို နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ် သို့မဟုတ် ချိုးဖောက်မှုလို့ သဘောထားသတ်မှတ်လာပါတယ်။
တချိန်တည်းမှာပဲ လူသားချင်းစာနာထောက်ခံမှုအရ ဝင်ရောက်စွက်ဖက်ခြင်းဟာ ပြဿနာများရော ဝေဖန် ခြင်းများနဲ့ရော ရင်ဆိုင်လာရပါတယ်။ စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပြိုင်ဆိုင်ရန်စောင်မှုများကြောင့် ကုလသမဂ္ဂကလည်း သွက်ချာပါဒလိုက်ခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း အနှံ့အပြားဖြစ်နေတဲ့ လူအခွံင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို ဘယ်တုန်းကမှ ပြင်းပြင်းထန်ထန် မကိုင်တွယ်နိုင်ခဲ့ပါဘူး။
၁၉၈၉ ဘာလင်တံတိုင်းကြီး ပြိုလဲသွားပြီး စစ်အေးခေတ်ကုန်ဆုံးသွားချိန်မှာ ကုလသမဂ္ဂကိုတည်ထောင်သူများမျှော်မှန်းခဲ့တဲ့ ကမ္ဘာအထောက်အကူအခန်းကို ဖော်ဆောင်နိုင်တော့မယ်လို့ မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍမပီပြင်မှုကြောင့် စိတ်ပျက်စရာတွေကြုံလာရပါတော့တယ်။
ဒေါက်တာလှကျော်ဇော ဘာသာပြန်တယ်။
မှတ်ချက်။ တရုတ်ဗဟိုရုပ်မြင်သံကြား စာမျက်နှာ အတွေးအမြင်အခန်းက ဆောင်းပါး
https://news.cgtn.com/.../Int-l-responsibility.../index.html ကိုဆီလျော်အောင်ဘာသာပြန်ထားပါတယ်။
လှကျော်ဇော။၁၃-၃-၂၀၂၁။
(မိုးမခ) မတ် ၁၅၊ ၂၀၂၁

ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရများအတွက် မိမိတိုင်းပြည်တွင်း လူမဆန်တဲ့ လုပ်ရပ်များအတွက် တာဝန်ခံစေရေးကနေ လွတ်မြောက်စေရေးအတွက် ဒီ အချုပ်အခြာအာဏာပိုင်မှု ဆိုတာကို ကာကွယ်ရေးဒိုင်း အဖြစ်အသုံးချတတ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးဖောက်ဖျက် ကျူးလွန်မှု များအပေါ်အရေးယူဖို့တဖြည်းဖြည်း မဖြစ်မနေလုပ်ဆောင်လာနေရပါပြီ။ ဒါ့အပြင် မိမိတို့ရဲ့အချုပ်အခြာအာဏာပိုင်မှုကို စစ်အင်အားသုံးပြီး ထိန်းသိမ်းထားတဲ့ အစိုးရများရဲ့ တရားဝင်တည်ရှိမှုကတော့ လူ့အခွင့်အရေးမူဝါဒများအပေါ်အခြေခံပြီးသတ်မှတ်ပေးရမှာပါ။
ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အစိုးရလက်အောက်ကပြည်သူများကို ကူညီ ကယ်တင်ဖို့ လူသားချင်းစာနာထောက်ခံမှုအရ ဝင်ရောက်စွက်ဖက်ရေး (humanitarian intervention) ဆိုတဲ့ ကိစ္စဟာ အရေးတကြီးဖြစ်လာပြီး အချုပ်အခြ ာအာဏာပိုင်မှု ဆိုတဲ့ မူနဲ့ ဝိရောဓိဖြစ်လာပါတယ်။
ဒီလိုမျိုး လူသားချင်းစာနာထောက်ခံမှုအရ ဝင်ရောက်စွက်ဖက်ရေး ဆိုတာ ဟာ နိုင်ငံတနိုင်ငံရဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့နိုင်ငံရေးအရလွတ်လပ်မှုကို ထိခိုက်စေတယ် ဆိုတဲ့ ပြောဆိုချက်များလည်းရှိပါတယ်။ ဒါက နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ ဖော်ဆောင်ရာမှာ သဘောထားကွဲလွဲမှုများကိုဖြစ်စေပါတယ်။
၁၉၉၀ ခုနှစ်များတုန်းကတောင် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ လူအစုလိုက်အပြုံလိုက်ညှဉ်းပန်းနှိပ်စက်မှုများကို ရပ်တံ့ဖို့ သို့မဟုတ် ကာကွယ်ဖို့အတွက် လူသား ချင်း စာနာထောက်ခံမှုနဲ့ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ချက်များကို အချိန်မီ မချမှတ်နိုင်ခဲ့ပါဘူး။ ဒီလိုမျိုးအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ကုလသမဂွအနေနဲ့ ယန္တရားအသစ်တွေကို ရှာဖွေလာရပါတယ်။
ဒါကြောင့် အဲဒီအချိန်ကစလို့ ကာကွယ်ရေးအတွက် နိုင်ငံတကာရဲ့တာဝန် ဆိုတာကို အဓိပွာယ်ဖွင့်ဆိုရာမှာ အခြေခံလာတဲ့အချက်ကတော့ အချုပ်အခြာအာဏာပိုင်မှုဟာ့ ပြည်သူတွေ အပေါ် ထိန်းချုပ်ချင်သလို ထိန်းချုပ်လို့ရတဲ့ အခွင့်ထူးတရပ်သာမဟုတ်ဘဲ ပြည်သူလူထုအပေါ် တာဝန်ခံမှုပါ ပါလာပါတယ်။ဒီတာဝန်ခံမှုဟာ ခံယူချက်တရပ်ဖြစ်လာပြီး နိုင်ငံတိုင်းအတွက် မိမိ တို့နိုင်ငံသားများအပေါ်ပြုမူဆက်ဆံမှုများနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဝန်းအဝိုင်း အဖွဲ့အစည်း များအပေါ် တာဝန်ယူမှု တာဝန်ခံမှုတွေအပေါ် အခြေခံရပါမယ်။
ဒီခံယူချက်ဟာအချုပ်အခြာအာဏာပိုင်မှုနဲ့ လူသားများအဖြစ်ဆက်လက်တည်ရှိနိုင်ရေးအကြား အရှည်အကြာရှိခဲ့တဲ့ တင်းမာမှုတွေကိုပြေပျောက်စေရေးအတွက် ကြိုးပမ်းမှုတရပ်ဖြစ်ပြီး အချုပ်အခြာအာဏာပိုင်မှုဟာ နိုင်ငံတရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်း အကြားခွဲဝေယူထားတဲ့ တာဝန်ခံမှုဖြစ်တယ် လို့ဖွင့်ဆိုထားပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်ခင်က လူတဦးချင်းရဲ့အခွင့်အရေးဆိုတာ အလွန်အကန့်အသတ်ရှိပါတယ်။နိုင်ငံတကာဥပဒေများမှာလည်း ပုဂွလိကအကြောင်းများကို ထည့်သွင်းထားခြင်းမရှိပဲ အစိုးရများကိုသာ နိုင်ငံတကာလက္ခဏာပေးထားပြီး အစိုးရအချင်းချင်းကြား ဆက်ဆံရေးကိုလည်း သဘောတူစာချုပ်များအရထိန်းသိမ်းထားကြပါတယ်။
ဒါပေမဲ့ စစ်အေးခေတ် အတွင်းမှာတော့ အချုပ်အခြာအာဏာပိုင်မှု နဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိ ဆိုတဲ့ မူ(၂)ရပ် ကိုအစိုးရများက သဘောတရားအရရော လက်တွေ့ရော တစုံတရာအတိုင်းအတာအထိ ကျင့်သုံး လုပ်ဆောင်လာကြပါတယ်။နိုင်ငံတွေရဲ့လွတ်လပ်မှုကိုထိန်းသိမ်းကာကွယ်ဖို့အတွက် ကြိုးပမ်းမှုရဲ့ရလာဒ်ပါ။ ပြောင်းပြန်အကျိုးဆက်အားဖြင့်ဒီမူတွေဟာ မိမိနိုင်ငံတွင်းကပြည်သူတွေရဲ့ လူ့အခွင့်အရေး တွေ ကို ဖောက်ဖျက်ချင်တိုင်းဖောက်ဖျက်နေတဲ့ အစိုးရတွေကို ထိထိရောက်ရောက် အရေးယူရေးမှာ အဟန့်အတားတွေ ဖြစ်လာပါတော့တယ်။
ဒီအခြေအနေတွေဟာ တည်မြဲမနေတော့ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့က လူ့အခွင့်အရေးနဲ့ အစိုးရအပြောင်းအလဲများအပေါ် တဖြည်းဖြည်းအာရုံစိုက်လာပါတယ်။ ပုဂ္ဂလိကအခွင့်အရေးများနဲ့ပတ်သက်ပြီး အရေးပါတဲ့ ဖြစ်ထွန်းမှုတွေရှိလာပါတယ်။
ပထမအချက်ကတော့ လူသားအားလုံးရဲ့အခြေခံအခွင့်အရေးနဲ့လွတ်လပ်မှုကိုအကာကွယ်ပေးထားတဲ့ကုလသမဂွပဋိဉာည်စာတမ်းကြီး ပေါ်ပေါက်လာတာပါ။ ဒါ့အပြင် တကမ္ဘာလုံးဆိုင်ရာစာချုပ်စာတန်းများအတိုင်း အုပ်ချုပ်တဲ့အစိုးရများ ပေါ်ပေါက်လာမှုပါ။
လူသားများရဲ့ တချို့အုပ်စုများ (ဥပမာ- အမျိုးသမီးများနဲ့ ကလေးသူငယ်များ) ဆိုင်ရာ သဘောတူညီချက်များဟာလည်း နိုင်ငံတကာအတိုင်းအတာအရ လူ့အခွင့်အရေးများကို တိုးတက်ကာကွယ်ပေးရေးလမ်းကို ထိုးဖောက်ပေးနိုင်ခဲ့ပါတယ်။ ဒီလို သဘောတူ စာချုပ်တွေကို ချုပ်ဆိုနိုင်မှုတွေဟာ နိုင်ငံတကာရဲ့နိုးကြားတက်ကြွလာမှုကို ပြသရာဖြစ်တဲ့အပြင် ပုဂ္ဂလိကလူတဦးချင်းရဲ့အခွင့်အရေးများဟာ နိုင်ငံတကာဥပဒေမူများရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတရပ်ဖြစ်တယ် ဆိုတာကို တညီတညွတ်တည်းလက်ခံလာမှု ကိုပါထင်ဟပ်ပြတာဖြစ် ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားမှုနယ်ပယ်အတွက် ဒုတိယ ဖြစ်ထွန်းမှုကတော့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်လုပ်ဆောင်ခဲ့တဲ့နိုင်ငံအကြီးအကဲများကို စုံစမ်းစစ် ဆေး တရားစီရင်ဖို့ နုရင်ဘတ်ခုံရုံးပေါ်ထွက်လာမှုက စတင်လိုက်ပါတယ်။
ဒါက လူအများအပြားအပေါ် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်လာသူများဟာ အချုပ်အခြာအာဏာပိုင်မှု နံရံတံတိုင်းကြီးနောက်မှာ ပုန်းကွယ်ပြီးနေလို့ မရနိုင်တော့ဘူး ဆိုတာ ရှင်းသွားပါတယ်။
၁၉၉၀ ခုနှစ်များကစလို့ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဒါကိုအစိုးရများက လိုက်နာဖို့တာဝန်ခံရေးတွေဟာ နိုင်ငံတကာဆွေးနွေးပွဲများရဲ့ဗဟိုအချက်အချာ ဖြစ်လာပါတယ်။
စစ်အေးတိုက်ပွဲအပြီးမှာ နိုင်ငံတကာဆက်ဆံရေးများမှာ အပြောင်းအလဲတွေဖြစ်လာပါတယ်။ ပထမဦးစွာအားဖြင့် နိုင်ငံတကာပဋိပက္ခနဲ့စစ်ပွဲများဟာ အကြီးစားပြည်တွင်းအကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားပြီး များသောအားဖြင့် လူသားများအတွက် ကြီးမားတဲ့ဘေးအန္တာရာယ်များ ကျရောက်စေခဲ့ပါတယ်။
ယူဂိုစလပ် (ကိုဆိုဗို) ရဝမ်ဒါ ဆိုမာလီ လိုင်ဘေးရီးယား တို့မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိက္ခ တွေနဲ့ ဘေးဒုက္ခအမျိုးမျိုးတွေက နိုင်ငံတကာအဖွဲ့အစည်းရဲ့အသိတရားနဲ့ ကျင့်ဝတ်ဆိုင်ရာ ပူပန်မှု တွေကိုပေါ်ပေါက်စေခဲ့ပြီး အစိုးရများအတွက် လူ့အခွင့်အရေးများ အပေါ်အေ လးအနက် ထားရေးလိုအပ်မှုကို တညီတညွတ်တည်း သဘောတူညီခဲ့ကြပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အဖိနှိပ်ခံ ပြည်သူများအပေါ် ထောက်ခံကူညီဖို့ တာဝန်ဟာ ပိုမို ခိုင်မာအားကောင်းလာပါတယ်။
ဒုတိယအချက် ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက်ကုလသမဂွလုံခြုံရေးကောင်စီက ပြည်တွင်းပဋိပက္ခများနဲ့အကြမ်းဖက်မှုများကို နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ သတ်မှတ်လိုက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးဟာ ဆက်စပ်နေတယ် လို့ဆိုခဲ့ပါတယ်။
ဒါကြောင့်ပဲ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံများရဲ့ပိုင်နက်အတွင်း စနစ်တကျ ကြမ်းတမ်းရက်စက်တဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှုများနဲ့ လူသားများရဲ့ဘေးအန္တရာယ်များကို တာဝန်ခံပေးဖို့လိုအပ်လာပြီး နယ်နိမိတ်ဘောင်များအတွင်း လူသားမျိုးနွယ်များရဲ့ဒုက္ခ အဖုံဖုံကို နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ် သို့မဟုတ် ချိုးဖောက်မှုလို့ သဘောထားသတ်မှတ်လာပါတယ်။
တချိန်တည်းမှာပဲ လူသားချင်းစာနာထောက်ခံမှုအရ ဝင်ရောက်စွက်ဖက်ခြင်းဟာ ပြဿနာများရော ဝေဖန် ခြင်းများနဲ့ရော ရင်ဆိုင်လာရပါတယ်။ စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပြိုင်ဆိုင်ရန်စောင်မှုများကြောင့် ကုလသမဂ္ဂကလည်း သွက်ချာပါဒလိုက်ခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း အနှံ့အပြားဖြစ်နေတဲ့ လူအခွံင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို ဘယ်တုန်းကမှ ပြင်းပြင်းထန်ထန် မကိုင်တွယ်နိုင်ခဲ့ပါဘူး။
၁၉၈၉ ဘာလင်တံတိုင်းကြီး ပြိုလဲသွားပြီး စစ်အေးခေတ်ကုန်ဆုံးသွားချိန်မှာ ကုလသမဂ္ဂကိုတည်ထောင်သူများမျှော်မှန်းခဲ့တဲ့ ကမ္ဘာအထောက်အကူအခန်းကို ဖော်ဆောင်နိုင်တော့မယ်လို့ မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍမပီပြင်မှုကြောင့် စိတ်ပျက်စရာတွေကြုံလာရပါတော့တယ်။
ဒေါက်တာလှကျော်ဇော ဘာသာပြန်တယ်။
မှတ်ချက်။ တရုတ်ဗဟိုရုပ်မြင်သံကြား စာမျက်နှာ အတွေးအမြင်အခန်းက ဆောင်းပါး
https://news.cgtn.com/.../Int-l-responsibility.../index.html ကိုဆီလျော်အောင်ဘာသာပြန်ထားပါတယ်။
လှကျော်ဇော။၁၃-၃-၂၀၂၁။
#MoeMaKaMedia #WhatsHappeningInMyanmar