Breaking News

ဝင်းမြင့် - အပိုဆာဒါးများ

အပိုဆာဒါးများ
ဝင်းမြင့်
(မိုးမခ) ဧပြီ ၈၊ ၂၀၂၁

ဆုတ်ခွာရတော့မယ် တဲ့
ငါ့အရေပြားကိုလား
အဲ့ဒီလို သွားကိုက်နေပုံက
ပခုံးနဲ့အပွင့်ကို မကွဲတာပဲ
လူသားဖြစ်တည်မှုများမှာ
ခြေထောက်တွေ လက်သီးတွေ
ကာမဂုဏ်တွေ
စားခဲ့ဖူးပြီပဲ
ကဗျာထဲ
ဖြေဆေးလေးတော့ထည့်ပါကွာ တဲ့
သတိတွေရတိုင်း
အီသာငွေ့ကို ရူခဲ့
မေ့တေ့တေ့ဖြစ်လာတော့
အသက်အရွယ်ကြောင့်လို
ဇောက်ထိုးပြောရင်ဖြစ်မလား
ငါ့နောက်ကျောမှာ
ဓားမရှိဘူး
တံခါးပဲရှိတယ်
မင်းပြန်ရင်
လမ်းပါယူသွား  ။   ။

၈  ၄  ၂၀၂၀