Breaking News

ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၃



ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၃

(မိုးမခ) မေ ၁၅၊ ၂၀၂၁

တနိုင်ငံလုံး တပြိုင်နက်တည်း ပြောက်ကျားစစ်ဆင်နွဲခြင်း


မြန်မာနိုင်ငံလတ်တလော အခြေအနေအရ ကျွန်တော်တို့အနေဖြင့် တနိုင်ငံလုံးပြောက်ကျားစစ်ပွဲများ ဆင်နွဲ နိုင်သည့်အခြေအနေဟု သုံးသပ်လိုပါသည်။ အခြေအနေ အချိန်အခါ အချက်အလက်ပေါ်မူတည်၍ ရန်သူ့ အ ခြေအနေ မိမိအခြေအနေ၏ ပကတိဘာဝအပေါ် မူတည်စဉ်းစားမှုဖြစ်ပါသည်။ ကျွန်တော်တို့သတ္တိရှိရှိ ဆုံးဖြတ်ရပါမည်။ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြရပါမည်။ တနိုင်ငံလုံးအရေးအတွက် တနိုင်ငံလုံးပါဝင်ရပါမည်။ ကနေ့ အခြေအနေသည် အကြမ်းဖက်စစ်အုပ်စုအတွက် အဘက်ဘက်မှ ယိုယွင်းနိမ့်ကျနေသောအခြေအနေဖြစ် ပါသည်။ လုံး၀အချိန်မပေးဘဲ စစ်ရေး နိုင်ငံရေး စီးပွါးရေး လူမှုရေးဘက်အသီးသီး စစ်မျက်နှာများဖွင့်၍ ပြန် လည်ခုခံတိုက်ခိုက်ကြရပါမည်။

KIA နယ်မြေ KNU နယ်မြေတို့တွင် စစ်ပွဲကြီးများရင်ဆိုင်နေရသကဲ့သို့ ဗမာ ပြည်နေရာအနှံ့ စစ်ပွဲငယ်များကို တိုက်ခိုက်နေရချိန်ဖြစ်ပါသည်။ စီးပွါးရေးကဏ္ဍတွင်လည်း ဝန်ထမ်းများ ကိုပေးရန်လစာမှအစ ဘဏ်လုပ်ငန်းအားလုံးလိုလို ရပ်ဆိုင်းသွားသည်အထိ ရင်ဆိုင်နေရချိန်ဖြစ်ပါသည်။ အုပ်ချူပ်ရေးလုပ်ငန်းများ မှာမူ လုံးဝသွက်ချာပါဒလိုက်သွားပြီဖြစ်ပါသည်။ ဝန်ထမ်းများ CDM လှုပ်ရှားမှု သည် နေ့တဓူဝလူမှုလုပ်ငန်း အားလုံးကို ရပ်ဆိုင်းစေနိုင်ခဲ့ပါသည်။

ကနေ့အကြမ်းဖက်စစ်အုပ်စုတွင် ဖိနှိပ်သတ်ဖြတ်မှုများ ဖိနှိပ်သောအမိန့်များ ဖမ်းဆီးညှင်းဆဲသတ်ဖြတ်မှု များဖြင့် လူထုကိုခြိမ်းခြောက်သည့်နည်းမှလွဲ၍ အခြားမရှိတော့သည့်အခြေအနေဖြစ်ပါသည်။ တနိုင်ငံလုံး ဖြန့်ခွဲရန် လုံလောက်သောစစ်အင်အားမရှိနိုင်ပါ။ စစ်ပွဲကြီးများထံ စစ်ကူအင်အားများဖြည့်တင်းရန် ထုတ်နုတ်နေရချိန်တွင် နဲနဲနှင့်ကြဲကြဲဝိုင်း ဗျူဟာကို ကျင့်သုံးနေရခြင်းဖြစ်ပါသည်။ မြို့နယ်တိုင်းတွင် စုဖွဲ့မှုအချိူ့ဖြင့် ရိုင်းရိုင်းစိုင်းစိုင်း ပစ်ခတ်သတ်ဖြတ်ပြနေရခြင်းဖြစ်ပါသည်။ တနေရာရာတွင်လှုပ်ရှားမှုတခုဖြစ်လျှင် နှိမ် နင်းရန် အင်အားစု မှာ စုဖွဲ့ထားသည့်အင်အားစုတခုတည်းကိုသာ လှည့်လည်သုံးစွဲသည့်ဗျူဟာကို သုံးစွဲ နေခြင်းဟု ခန့်မှန်းမှတ်ယူရပါသည်။ နေရာအနှံ့ လှုပ်ရှားမှုများပြုလုပ်ခြင်း ခြုံခိုတိုက်ခိုက်ခြင်းများ လမ်းဖြတ် တိုက်ခိုက်ခြင်းများ မိုင်းထောင်ခြင်းများကို အနှံ့အပြားချိတ်ဆက်ပြုလုပ်နိုင်သော အခြေအနေဖြစ်ပါသည်။ မိမိနှင့် အနီးစပ်ဆုံးရန်သူအင်အား၊ ပတ်ဝန်းကျင်မှ တပ်ကူလာနိုင်သောဒေသနှင့်အင်အားတို့ကို တွက် ချက်၍ ပိုင်ပိုင်နိုင်နိုင်ခုခံတိုက်ခိုက်ချေမှုးရေးလုပ်ခြင်းဖြင့် လက်နက်များရရှိနိုင်မည်မှာ အသေအချာပင် ဖြစ်ပါသည်။ မန္တလေးတိုင်းမှ ပြောက်ကျားစစ်သည်တို့သည် မန္တလေးတိုင်းမြို့နယ်အသီးသီး နှင့်ဆက် စပ်တိုက်ပွဲဝင်ကြရမည်ဖြစ်သကဲ့သို တနိုင်ငံလုံးရှိ ပြောက်ကျားတပ်ဖွဲ့များနှင့်လဲဆက်စပ်တိုက်ပွဲဝင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါသည်။တနိုင်ငံလုံး ဤအ တိုင်း ဆက်စပ်တိုက်ပွဲဝင်နိုင်ရန် ကြိုးစားသွားရပါမည်။

(လက်နက်ရရှိသည်နှင့်တပြိုင်နက် ပစ်ပြီးရှောင်၊ ခြုံခိုတိုက်၊ အနည်းစုကိုဦးတည်၊ အနှံ့အပြားဆင်နွဲ၊ ချိတ်ဆက်မှုကောင်းအောင်လှုပ်၊ ချေမှုန်းရေးတိုက်နိုင်လျှင် ပြောက်ကျားအခြေခံဒေသဖြစ်ပြီ။ လျို့ဝှက်စွာပြင်ဆင်၊ လျှင်မြန်စွာလှုပ်ရှား၊ ကိုယ့်သတင်းပေါက်တွေပိတ် ရန်သူသတင်းပေါက်တွေဖွင့်၊ သူလျိုဒလန် ထောက်လှမ်း ရေးကို ဖေါ်ထုတ်ရှင်းလင်း၊ သန္နိဌာန်ချ သက်စွန့်ရန် မကြောက်စိတ်ဓါတ်ကိုမွေး ၊ - အခြေခံပြောက်ကျားဒေသ တည်ဆောက်ရေး အကျဉ်းပါဘဲ။ အများစု နားလည်သဘောပေါက်ရန်နှင့် မှတ်မိ လွယ်ကူရန် အနှစ်ချူပ်ရေး လိုက်ခြင်းဖြစ်ပါသည်)

ပြောက်ကျားစစ်၏တောင်းဆိုမှုများ

၁။ ပြောက်ကျားစစ်သည် သေနင်္ဂဗျူဟာအရ ခံစစ်ဖြစ်သော်လည်း တိုက်ပွဲစဉ်များအတွက် ထိုးစစ်ဖြစ် ပါသည်။ လုံးဝ ခံစစ်ဆင်ရန်မစဉ်းစားပါနှင့်။ပြောက်ကျားစစ်၏အတွင်းသဘောမှာ ထိုးစစ်ဆင်ခြင်း ဖြစ် သည်။ ထိုးစစ်ဆင်နိုင်မှသာ လက်ဥိးမှုကို မိမိတို့က ပိုင်ပိုင်နိုင်နိုင်ရရှိနိုင်မည်ဖြစ်ပါသည်။ ခံစစ်သို့ ကျရောက်ရသည့် သဘောမှာ လက်ဥိးမှုဆုံးရှုံးခြင်းကြောင့်ပင်ဖြစ်ပါသည်။ ရန်သူ၏ဝိုင်းပတ်ခြေမှုန်းမှု အနေအထားမျိူး မခံရရန် ပြင်ဆင်မှုနှင့် သတင်းလက်ဦးမှု၊ ရှောင်တခင်လှုပ်ရှားမှုများကို ကြိုတင်တွေးတော ကြံဆထားရန်လိုသည်။ ရန်သူလာတိုက်မှာကို စောင့်ကာ တနေရာထဲက အသေခုခံတာမျိူး လုံးဝမလုပ်သင့် ပါ။ ဆိုလိုသည်မှာ တနေရာထဲတွင် တပ်စွဲထားခြင်းမျိူးကို လုံးဝမလုပ်ပါနှင့် ရှောင်ကျဉ်သင့်ပါသည်။ ပြောက်ကျားတပ်တတပ်သည် လေအဟုန် ကဲ့သို့ ပေါ့ပါးစွာရွေ့လျားပြီး မိုးကြိုးမုန်တိုင်းကဲ့သို့ ကြမ်းတမ်း ပြင်းထန်စွာတိုက်ပွဲဆင်ရန်လိုပါသည်။

၂။ မိမိအင်အားမဆုံးရှုံးရန် ထိုးစစ်ဆင်ရာတွင် အမြန်တိုက် အမြန်ဆုတ်သင့်သည်။ အဓိက တိုက်ပွဲတိုက် သည်မှာ ရန်သူအားခြေမှုန်းရန်နှင့် မိမိတို့အတွက်လိုအပ်သည့် စစ်လက်နက်ပစ္စည်းများရရှိရန်ဖြစ်သည်။ တိုက်ပွဲစီစဉ်ရာတွင် လူထုကိုမထိခိုက်ရန် အတတ်နိုင်ဆုံးစစ်ရေးစီမံချက် ရေးဆွဲသင့်ပါသည်။

၃။ လက်ဦးမှုရယူခြင်းသည် ပြောက်ကျားစစ်၏အားသာချက်ပင်ဖြစ်သည်။ လက်ဦးမှုရရှိရန်

(က) လျပ်တပြက် အလစ်အငိုက် ဖမ်းတိုက်ခိုက်ခြင်း SURPRISE

(ခ) မိမိနယ်မြေဒေသအတွင်း တိုက်ခိုက်ခြင်း (မြေပြင်အနေအထားကျွမ်းကျင်မှု KNOWLEDGE OF THE TERRAIN ဟု သတ်မှတ်ပါသည်)

(ဂ) ရန်သူထက် လျင်မြန်စွာစစ်ကစားနိုင်ခြင်း၊ ရွေ့လျားနိုင်ခြင်း၊ ပြုလွယ် ပြင်လွယ်ဖြစ်ခြင်း (လျင်မြန်စွာရွေ့ ပြောင်းနိုင်မှု MOBILITY AND SPEED)

(ဃ) သတင်းအချက်အလက်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်ခြင်း(သတင်းရယူခြင်း INFORMATION)

(င) ရန်သူကို အငိုက်မိစေခြင်းတို့သည် အားသာချက်များပင်ဖြစ်သည်။ ၎င်းကို လက်ဦးမှုရယူခြင်း၏ အကျိူး ကျေးဇူးများ THE INITIAL ADVANTAGES OF THE URBAN GUERRILLA ဟုသတ်မှတ်ပါသည်။

၄။ မြို့ပြပြောက်ကျားစစ်၏ တောင်းဆိုမှုများ

ပြောက်ကျားစစ်ကို ဦးစီးသူများသည် ပြတ်သားတိကျသော ဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်ချမှတ်နိုင်ရန် အထူးအရေးကြီးပါသည်။ တွေဝေထိုင်းမှိုင်းနေမှုသည် ပြောက်ကျားစစ်အတွက် လက်ဦးမှုကို ဆုံးရှုံးနိုင်သကဲ့သို့ ရန်သူ၏ခြေမှုန်းမှုကို အချိန်ပေးသလိုဖြစ်နေတတ်ပါသည်။

၅။ ယောင်ပြတိုက်ပွဲများဖြင့် မြှားခေါ်ကာ စစ်ဌာချူပ်ငယ်များကိုတိုက်ခိုက်ခြင်း။ စစ်ကူလာသည့်တပ်များကို လမ်းမှဖြတ်တောက် ခြုံခိုတိုက်ခိုက်ခြင်း၊ တိုက်ပွဲတခုအပြင် အခြားဆက်စပ်တိုက်ပွဲများကိုစီစဉ်ခြင်း၊ ဆုတ် လမ်းများကို စီစဉ်ခြင်း ရိက္ခာစုဆောင်းခြင်း ၊ ထိခိုက်လူနာအတွက် ပြင်ဆင်ခြင်း စသည်များကို စနစ်တကျ စီမံချက်ရေး သားဆောင်ရွက်သင့်သည်။ အဓိကတောင်းဆိုသည့် အချက်မှာ မိမိကျေးရွာ မိမိမြို့ဆိုသည့် ဆန္ဒစွဲကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ဘို့လိုသည်။ ဗမာပြည်တပြည်လုံးသည် ပြောက်ကျားဒေသဖြစ်သကဲ့ သို့ အမြို့မြို့ အရွာရွာတိုင်းသည် မိမိမြို့ မိမိဒေသဖြစ်သည်ဟု သဘောထားသင့်သည်။

၆။ ပုံဖျက်ခြင်းအမျိူးမျိူးဖြင့် ရန်သူဇဝေဇဝါဖြစ်အောင်ဆောင်ရွက်ခြင်း (ဥပမာ - ရန်သူဒရုန်းဖြင့် ကင်းထောက် လာသည်ကိုကြုံတွေ့ရပါက ပုံဖျက်ခြင်းအမျိူးမျိူးဖြင့် ရန်သူကို လှည့်စားခြင်း၊ ရန်သူလာလမ်းများကို မိုင်းထောင်ခြင်း ခြုံခိုကြိုတင်တိုက်ခိုက်ခြင်း ရန်သူအင်အားကို သတင်းရယူကာ စစ်ကစားခြင်းများဖြင့် တိုက်ခိုက်နိုင်ပါသည်)

ရ။ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းများကို စနစ်တကျစီစဉ်ရပါမည်။ မြေအောက်လုပ်ငန်း တာဝန်ဆောင်ရွက်နေသူများကို ဆက်စပ်တာဝန်ပေးရပါမည်။ အလွန်အရေးကြိးပြီး အလွန်သေချာရန် လိုပါသည်။ စုဆောင်းရရှိသော ဘဏ္ဍာငွေများကို တနေရာတည်းစုစည်းထားခြင်းမျိူးကို ရှောင်သင့်ပါသည်။ လုပ်ငန်းအတွင်း ထောင်လိုက် စနစ်ဖြင့်သာ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ထားသင့်ပါသည်။ တဦးတယောက်ဖမ်းမိ၍ အကုန်ဖမ်းမိခံရသည့်အနေအထားမျိူး မဖြစ်ရန် ကြိုတင်စီစဉ်ရပါမည်။

ဂ။ လက်နက်ရရှိရေးအတွက် တိုက်ပွဲများဆောင်ရွက်သကဲ့သို့ စစ်တပ် ရဲမှ ထွက်ပြေးလိုသူများကို ငွေပေး၍ ဝယ်ယူမှုများလဲ လုပ်နိုင်ပါသည်။ကနေ့အရပ်ဝတ်ဖြင့်သောင်းကျန်းနေသူများသည် ပြောက်ကျားစစ်သည်တို့အတွက် လက်နက်ထောက်ပံ့ပေးသူများဖြစ်ကြပါသည်။ ဆိုလိုသည်မှာ စုဖွဲ့မှုကို အသေအချာလေ့လာ၍ ဓါးများ တုတ်များ ဂျင်ဂလီးများ မိုလိုတော့များကိုသုံး၍ သတ်ဖြတ်သင့်ပါသည်။ လစ်လျင်လစ်သလို လက်နက် ရရှိရန်အတွက် သတ်ဖြတ်လုယက်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။

၉ ။ ရဲစခန်းများ ၊ဖွတ်ရုံးများ ၊အုပ်ချူပ်ရေးမှုးရုံးများ၊ စစ်တပ်ပိုင် ဘဏ်များ၊အဆောက်အဦးများ၊ စစ်တပ်ပိုင် ဈေး ဆိုင်ကြီးများ စသည့် စစ်ဒေါက်တိုင်အားလုံးကို ပြတ်ပြတ်သားသားမီးရှို့ဖျက်ဆီးကြရပါမည်။ ဗုံးဖေါက် ခွဲရပါ မည်။ ၎င်းတို့အားလုံးအတွက် စစ်တပ်ကလုံခြုံရေး လုပ်ပေးနိုင်ခြင်းလုံးဝ မရှိသည်ကို သတိပြုရပါမည်။ ဤကိစ္စကို လစ်လျင်လစ်သလို ကွန်မင်ဒို စုဖွဲ့မှုငယ်များဖြင့် ပြုလုပ်နိုင်ပါသည်။ တနိုင်ငံလုံးလုပ် ကြဘို့လိုပါသည်။

၁၀။ ပြောက်ကျားစစ်ပွဲဆင်နွဲရန် ပိုင်းဖြတ်ထားသော ပြောက်ကျားရဲဘော်တိုင်းအတွက် တောင်းဆိုချက်တခုမှာ “အခက်အခဲကျော်လွှား အောင်ပွဲအရယူ” ဟူသော စိတ်ဓါတ်ပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြောက်ကျားစစ်ပွဲဆိုသည်မှာ အခက်အခဲများစွာရှိမည်မှာ သေချာပါသည်။ အခက်အခဲများကို စိတ်ဓါတ် သတ္တိ ပညာဖြင့်ကျော် လွှား အနိုင်ယူဘို့ကြိုးစားရမည်ဖြစ်ပါသည်။

၁၁။ အဓိကမှာ “သံန္နိဌာန်ချ သက်စွန့်ရန် မကြောက်” ဟူသော ဆောင်ပုဒ်သည်သာ ပြောက်ကျားရဲဘော်တွေအတွက် အောင်ပွဲရယူနိုင်မည့် ခွန်အားစိတ်ဓါတ်ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ လက်နက်ကိုင် တော်လှန်ရေးကာလတွင် ကျဆုံးသွားခဲ့ကြသည့် သူရဲကောင်းအာဇာနည်များရှိကြသကဲ့သို့ ဆက်လက် တိုက်ပွဲဝင်နေကြသူ သူရဲကောင်းအပေါင်းသည်လည်း စစ်ပွဲများစွာကို တိုက်ပွဲဝင်နေကြဆဲဆိုသည်ကို မမေ့လျော့သင့်ပေ။ အောင်ပွဲဆိုသည်မှာ တိုက်ပွဲများတွင်သာရှိသည် ဆိုခြင်းမှာ မှန်ကန်သောတော်လှန်ရေးသဘောတရားပင် ဖြစ်ပါသည်။

၁၉၉၂-၉၃ ခုနှစ် အတိအကျ မမှတ်မိပါ။ DPA အလုပ်အဖွဲ့အဖြစ် လပဒတ တပ်ပေါင်းစုတွင်တာဝန်ထမ်း ဆောင်ခဲ့စဉ်က အတွေ့အကြုံတခုကိုရေးချင်ပါသည်။ ကယန်းပြည်သစ်ပါတီ ဒုဥက္ကဌ ဗိုလ်ချူပ်သန်းချ (ခ) ရဲဘော်သန်းစိုးနိုင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလယ်ပိုင်းစစ်ဒေသအမှတ်၁၂ တပ်ဖွဲ့တပ်မှုး ရဲဘော် ထွန်းလင်းတို့နှင့် ကျွန်တော်သည် ကယန်း ပြည်သစ်ပါတီနယ်မြေတခုတွင် ဆုံခဲ့ကြပါသည်။ ရဲဘော်သန်းစိုးနိုင် နှင့် ရဲဘော်ထွန်းလင်းမှာ အတော်သံယောဇဉ်ကြီးကြပါသည်။ ရဲဘော်သန်းစိုးနိုင်မှာ ရဲဘော်ထွန်းလင်း၏ ကျဆုံးသွားသောဇနီးနှင့်လည်းဆွေမျိူးတော်စပ်သည်ဟုသိရပါသည်။ ကျွန်တော့်ကိုလဲ ရဲဘော် သန်းစိုးနိုင်ခင်မင်ပါသည်။ ကျွန်တော် ကိုယ်တိုင်လဲ ခင်မင်လေးစားမှုရှိပါသည်။ ကျွန်တော်အားမကြာ ခဏ သူ့တဲကိုခေါ်ပြီး စကားပြောကြလေ့ရှိပါသည်။ သူတို့ဖြတ်သန်းခဲ့သောတိုက်ပွဲများအကြောင်း ပါတီစိတ်ဓါတ် လူတန်းစားအမြင်များစသည့် အတွေ့အကြုံ သစ်များမှာ ကျွန်တော်တို့လို ၈ လေးလုံးရဲဘော်များအတွက် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ များဖြစ်သလို တော်လှန်ရေးအဘိဓာန်ကျမ်းကြီးပင်ဖြစ်ပါတော့သည်။

အထူးသဖြင့် ကယန်းဒေသ၏ နာမည်ကြိး မောင်ဘလော့ ခေါင်ကျရည်ကိုလဲ သွားတိုင်းဆိုသလို တိုက်လေ့ရှိ ရာ နှစ်ပေါင်းများစွာအထိပင် ရဲဘော်သန်းစိုးနိုင်ကို သတိရမိနေသည်မှာ ဆန်းမည် မထင်ပါ။ ကျွန်တော်တင်ပြလို သည်မှာ တရက်တွင် စစ်တပ်မှ စစ်ဗျူဟာတခု ကယန်းပြည်သစ်ပါတီဒေသကို ရောက်လာခဲ့ပါသည်။ ဗျူဟာမှုး ဆိုတဲ့ကောင်ကလဲ အတော်ဖင်ခေါင်းကျယ်ပါသည်။ ရွာသားတွေသတင်းအရ “ကယန်းသူပုန်တွေပြောလိုက် လာလက်နက်ချခိုင်း” စသဖြင့် မောက်မောက်မာမာတွေပြောပါသည်။ ရွာ တိုင်းနီးပါးလဲ စစ်သားတွေနဲ့ပြည့် လုနီးပါးပါဘဲ။ ကျွန်တော်ကလဲ ကျွန်တော့်အတွေ့အကြုံမဖြစ်စလောက်ကလေးနဲ့ ဥက္ကဌကို ဂွင်ခုန်ဘို့ အကြံပေးပါသည်။ ဂွင်ခုန်တယ်ဆိုတာ ကျွန်တော်တို့နှင့်ဆက်စပ်ဂွင်များ ဖြစ်သော ကော်သူ့လေ တပ်မဟာ ၂၊ ရလလဖ၊ ကလလတ စသည့် မဟာမိတ်ဒေသများသို့ တပ်အချိူ့ကို ပြောင်းစေပြီး ပြောက်ကျားစစ်ပွဲပြန်တိုက်ဘို့ စီစဉ် ရန်ဖြစ်ပါသည်။

ဥက္ကဌက ကိစ္စမရှိပါဘူးဗျာ။ ဒီကောင်ဒီလောက်ဖင်ခေါင်းကျယ်နေတာ သတ္တိသိပ်ရှိပုံမရပါဘူး။ ကျွန်တော်တို့ လုပ်ကြည့်တာပေါ့ဟု ပြောပါသည်။ကျွန်တော့်အထင် နောက်သုံး လေးရက်လောက်ကြာသောအခါ ဗျူဟာမှုးတည်းသော အိမ်ကို လောင်ချာဖြင့်သွားရောက်ပစ်ခတ်ခဲ့ရာ ဗျူဟာမှုးကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦးကျဆုံးသွားပြီး စစ်သားအချိူ့ဒဏ်ရာရသွားသည်ဟု သိရပါသည်။ အဆိုပါဗျူဟာမှုးလဲ နောက်တနေ့ခပ်စောစောပင် ကယန်းတောင်တန်းပေါ်က ဖုတ်ဖက်ခါ ဆင်ပြေးသွားပါတော့သည်။ ဗျူဟာမှုးအမည်ကိုသိရသည်မှာ ဗိုလ်မှုးကြီး အောင်သောင်းဆိုသူဖြစ်ကြောင်းသိလိုက်ရပါတော့သည်။

ကျွန်တော်ဆိုလိုသည်မှာ စစ်ပွဲများစွာတွင် စာတွေ့နှင့် လက်တွေ့မှာ ကွဲလွဲမှုရှိတတ်ပါသည်။ ဆိုလိုချင် သည်မှာ ကျွန်တော်တို့ကိုယ်တိုင်အထပ်ထပ်အခါခါလေ့လာခဲ့ကြသော ကျမ်းကြီးကျမ်းငယ်များကို လက်တွေ့တိုက် ပွဲများတွင် တထပ်တည်းပေါင်းစပ်၍မရနိုင်သလို စစ်ဦးစီးမည့်သူများကိုယ်တိုင် လက်တွေ့ တိုက်ပွဲဝင်ခဲ့ကြသည့် တိုင်းရင်းသားညီအကိုတော် တပ်မှုး တပ်သားများထံမှ အစစအရာရာသင်ယူရန် အရေးကြီးပါသည်။ ပြောက်ကျားစစ်ပွဲဆိုသည်မှာ မြေပြင်တွင်ပကတိတည်ရှိနေသော အခြေအနေကိုဆုတ် ကိုင်၍ အချိန်အခါ အချက်အလက်ရှာဖွေတိုက်ခိုက်ရသော တိုက်ပွဲသာဖြစ်ပြီး တရားသေပုံစံမရှိပါကြောင်း သတိပြုမိပါသည်။
ဆက်၍ရေးပါဦးမည်။
(Photo - မင်းတပ်မြို့ ပျောက်ကြားစစ် မေ ၁၄)
ရဲဘော်အောင်မှိုင်း
မေလ ၁၄ရက် ၂၀၂၁ခုနှစ်
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar