Breaking News

အောင်ဒင် - အလွမ်းများနှင့် နှုတ်ဆက်

Art - Sitt Nyein Aye


အောင်ဒင် - အလွမ်းများနှင့် နှုတ်ဆက်

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၁

ရုတ်တရက် ခွဲခွာရခြင်းတွေက
သိပ်မြန်လွန်း၊ သိပ်ရက်စက်လွန်းတယ်…။

ခေါင်းတိုင်ကြီးက မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကြားထဲ
ပျံ့လွင့်ပြိုကွဲသွားတဲ့ မျက်နှာလေးတွေနောက်
တကောက်ကောက်လိုက်ကြည့်ရင်း ငါငိုမယ်…။

ဆရာဝန်တွေ၊ သူနာပြုတွေကို ဖမ်းဆီးချုပ်နှောင်ပြီး
အောက်ဆီဂျင်တွေကို လုယူခိုးဝှက်ထားတဲ့ ဖက်ဆစ်တွေက
မီးသဂြိုၤဟ်စက်အသစ်တွေ တည်ဆောက်ပေးမတဲ့
ကြားလိုက်ရတာ စက်ဆုတ်ဖွယ်…။

ကိုဗစ်ရောဂါဆိုးကြီးက
ရန်သူ့ရဲ့ လက်နက်တစ်ခုဖြစ်လာတဲ့အချိန်မှာ
အချင်းချင်း ရိုင်းပင်းစောင့်ရှောက်ကြတာက ငါတို့ရဲ့ အခိုင်မာဆုံး ခံစစ်
ဆက်လက်ရှင်သန်အောင် ရပ်တည်နိုင်တာက ငါတို့ရဲ့ အပြောင်မြောက်ဆုံးတိုက်စစ်
ခေါင်းကို မပစ်ဘဲ ခေတ်ကို ပြောင်းကြမယ်…။

ငါတို့ နိုင်ကို နိုင်ရမယ်
ဒါမှလည်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို
ငါတို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုနိုင်မှာ မဟုတ်လား ….။ ။ ။


(ဇူလိုင် ၂၈၊ ၂၀၂၁)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar