Breaking News

မိုးမခကဗျာများ- မောင်လင်းရိပ်၊ နေထက်နိုင်

Art - Than Htay Maung

ကိုဗစ် တတိယလှိုင်းနှင့် 
နွေဦးတော်လှန်ရေး ဒုတိယလှိုင်း
မောင်လင်းရိပ်

အောက်ဆီဂျင်က တော်လှန်ရေးလို လိုပြီး
တော်လှန်ရေးက အောက်ဆီဂျင်လို လိုနေပြီ။
ငါတို့မှာ ငါတို့ပဲ ရှိတာ အမှန်မို့
ငါတို့ကို ငါတို့က လိုနေပြီ။
ဒီသမိုင်းနဲ့ ဒီမြေရိုင်းက ငါတို့ကို သူတို့နဲ့ တွဲချည်ထားပေမဲ့
သူတို့က ငါတို့ကို ကျည်ဆံတွေနဲ့ ပိတ်ဖို့ ကြိုးစားတယ်
ဘဏ်တွေကိုဖွင့် ဈေးတွေကိုဖွင့် ကျောင်းတွေကိုဖွင့်ပြီးတော့
ကပ်ရောဂါကို ပွင့်လန်းစေတယ်။
ကပ်ရောဂါပွင့်လာတော့ အောက်ဆီဂျင်ဗားကို ပိတ်ချပစ်ဖို့ ကြံစည်နေတယ်။
တော်လှန်ရေးက အောက်ဆီဂျင်ကို လိုပြီး 
အောက်ဆီဂျင်က တော်လှန်ရေးကို လိုနေပြီ။
ငါတို့မှာ ငါတို့ပဲ ရှိတာ အမှန်မို့
ငါတို့လို ငါတို့ကို လိုနေပြီ။
အောက်ဆီဂျင်ကို ဖွင့်ပြီး တော်လှန်ရေးကို မီးတို့
မီးဒုတ်မီးဒုတ် ရှို့ရှို့။
မီးဒုတ်မီးဒုတ် ရှို့ရှို့။


၂၀၂၁ ဇူလိုင် ၁၁

....

မာပါ​စေ
နေထက်နိုင်

ကြွေး​ကြော်ကြ
အာခံတိုက်ပွဲဝင်ကြ
ကိုယ့်အသက်ကို
​ပိုး​မွေးသလို့ မွေးကြ
ဒီတိုက်ပွဲမှာ
ဒီ​ရောဂါကပ်​ဘေးမှာ 
ရန်သူရဲ့ မေတ္တာ​ဓာတ်ခေါင်းပါးတဲ့
မာယာ​မဲ့ထောင်​ချောက်မှာ
ငါတို့
​သေလို့မဖြစ်ဘူး
ငါတို့မှာ
တိုက်ရမယ့်တိုက်ပွဲ​တွေ ကျန်​သေးတယ် ။ 

ဇူလိုင် ၂၀  ၂၀၂၁ ည

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar