Breaking News

မိုးမခကဗျာ - မောင်ကြူးရင့်၊ ဖိုးရွှေညီမှိုင်း

မိုးမခကဗျာ
ဇူလိုင် ၂၈၊ ၂၀၂၁

တတိယလိူင်း
မောင်ကြူးရင့်

ရဟန်းလည်းမလွတ်ဘူး
သူဌေးလည်းမလွတ်ဘူး
ဆင်းရဲသားလည်းမလွတ်ဘူး
ဆရာဝန်လည်းမလွတ်ဘူး
ကဗျာဆရာလည်းမလွတ်ဘူး
ဘယ်သူမှမလွတ်ဘူး
ပြည်သူကပြည်သူကို
စာနာကြ ဖေးမကြ စောင့်ရှောက်ကြ
ပြည်သူအချင်းချင်းကာကွယ်ကြ
တတိယလှိုင်းမှာ
အဝိဇ္ဇာ အဓမ္မ
မုချ ကျဆုံးရမယ်

...

သံလွင်နဲ့ မိုး
ဖိုးရွှေညီမှိုင်း

အခု 700 cm
စိုးရိမ်ရေမှတ် 750 cm
သံလွင်ထဲ ရွာချတဲ့ မိုး ရေ ... 
လုပ်ပါ
လုပ်စမ်းပါ
50 cm လိုသေးတယ်
ရွာစမ်း
ရွာစမ်းကွာ
50 cm ကျော်အောင်ရွာ
မိုးကောင်းတုန်း မိုးရွာတာ
ဘာများဆန်းလို့လဲ
ဒီပြည်နယ်ဟာ ဒီအရိုင်းကို
နှစ်တိုင်းခံနေကျ
မင်း ဘယ်လောက်ရွာနိုင်မလဲ
ဒီနှစ် ...
ဘယ်လအထိ ရွာမလဲ
အခု ဂျူလိုင် ပြီးရင် သြဂတ်စ်
စက်တင်ဘာ စောင့်နေသူတွေ ... 
ရတယ်ကွာ
ခုတော့ ရေကူးနေကြရဲ့။

၂၀၂၁ ဂျူလိုင် ၂၇

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar