Breaking News

လင်းနွေးအိမ် - ယမမင်းရဲ့အမဲရောင်ရက်စွဲများ

ယမမင်းရဲ့အမဲရောင်ရက်စွဲများ
လင်းနွေးအိမ်

အလံတိုင်ဝက်ကိုမချတမ်းထူထားရတဲ့ဒီနေ့တွေ
အပြုံးတွေ လငပုပ်ဖမ်းခံထားရသလို
အလောင်းတွေတောင်လိုပုံနေတဲ့ရက်များ
ကောင်းကင်ကြီးဟာ
လူသားညှော်နံ့တွေနဲ့ အော်ကလီဆန်နေပေါ့
စီးချင်းထိုးခွင့်သာပြုပါ
လက်ဖျင်တွေမတွဲသေးသမျှ
အဓမ္မရဲ့ခေါင်းကိုယူလာဖို့ 
ဦးဆွေးဆံမြေ့ထမ်းလျက်ပါ။

-

(ဇူလိုင် ၂၇ ရက် မြန်မာစံတော်ချိန်မနက်မှာ ကွယ်လွန်သွားကြတဲ့ 
နိုင်ကျဉ်းဟောင်းဦးစိုးမြင့်နဲ့ ကိုမိုးကျော်တို့အတွက်အမှတ်တရ)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar