မိုးမခကဗျာ - နှင်းခါးမိုး၊ မောင်လင်းရိပ်
မိုးမခကဗျာ
သြဂုတ် ၁၁၊ ၂၀၂၁
-
၄၄ လမ်း
ညောင်ရွက်တွေကြားကကျော်ပြီး ငုံ့မကြည့်ရက်ဘူး၊
လွတ်မယ်ထင်လို့ ခုန်ချလိုက်တာမဟုတ်ဘူး
ခုန်ချပြပြီး အဆုံးအထိတိုက်သွားတာ၊
အသက်ရှင်မှဆက်တိုက်နိုင်မှာဆိုပြီး
သန်းကောင်စာရင်းလေးကိုင် သွားတန်းစီရကောင်းမလား
ကာကွယ်ဆေးအတွက် ဟိုတရက်ကအတွေးပွားမိတာ
ဒီနေ့ င့ါကိုယ်ငါ မဿတီတော့ပါ။
နှင်းခါးမိုး
...
'' သင်ဓုန်းဓားတမျှ ထက်ရှသော ''
၄၄ လမ်းက သတင်းဟာ လေးလွန်းတယ်
ဒီလို လေးလံတဲ့ ချက်ချင်းသမိုင်းတွေကို မချိ
မဆန့် ငါတို့ ထမ်းကြရတာ
တောင်ဆိတ်ပျိုတွေက ဒီချောက်ထဲမှာ
အသက်ကို ပစ်ချလိုက်တယ် ငါတို့ဆီက
ရှင်လျက် ဘာမျှ ယူမသွားစေရ။
မောင်လင်းရိပ်
၂၀၂၁ ဩဂုတ် ၁၀
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar