Breaking News

အောင်ချိမ့်သို့ ဂါရဝပြုကဗျာများ - အောင်ဝေး၊ နတ်မှူး၊ ညိုထက်ညို၊ ခင်လွန်း

Art - Ko Ko Naing
ဆရာအောင်ချိမ့်သို့

ဂန္ထဝင်မမနဲ့လား၊ ခင်ခင်ပျိုနဲ့လား
သူ ကျနော်တို့ကိုစိတ်ဆိုးပြီး ထွက်သွားပြီ။     ။

အောင်ဝေး
(သြဂုတ် ၉၊ ၂၀၂၁)

...

"လျှာထိုးဦးထုပ်နှင့်ကဗျာဆရာ”

လျှာထိုးဦးထုပ်နဲ့ကဗျာဆရာက​ပြောတယ်
သမိုင်းဆိုတာနှေးချင်နှေးပြီး
မြန်ချင်လည်းမြန်တတ်တယ် တဲ့
ခင်ခင်ပျိုကိုစောင့်သလို
ချောက်ထဲကျဖို့ လက်တလုံးသမိုင်းကို
နိဂုံးချုပ်ဖို့စောင့်ရင်း
အသက်ဓာတ်တွေက
တိမ်လိုလေလို
လွင့်ပါးသွားကြတယ်
လျှာထိုးဦးထုပ်နဲ့ကဗျာဆရာကပြောတယ်
ငါရှုံးပါစေ တရားကနိုင်ပါစေတဲ့
ခင်ခင်ပျိုကိုစောင့်သလို
တရားကအနိုင်ရချိန်ကိုစောင့်ရင်း
ငါရှုံးပါစေဆိုတဲ့ကဗျာဆရာကို
ငါတို့ဆုံးရှုံးလိုက်ရတယ်
ငါတို့ရင်တွေကွဲကြေလို့
အကျဉ်းထောင်ထဲက
တက်ခေါက်သံကိုကြားရတယ်
ဘယ်သူဖြစ်မလဲ
လျှာထိုးဦးထုပ်နဲ့ကဗျာဆရာ
ခင်ခင်ပျိုကိုစောင့်သလိုစောင့်ခဲ့တဲ့
သူ့ရဲ့တရားပေါ့

နတ်မှူး
လျှာထိုးဦးထုပ်နဲ့ကဗျာဆရာ အောင်ချိမ့်ကောင်းရာသုဂတိလားပါစေ

...

မြစ်ညာ

အရှင်လတ်လတ်ကြီးပဲ
ငါ့ခရီးထဲ
ပါးစပ်အဟောင်းသား နဲ့
သွေးပျက်လောက်စရာ
ငါ ဈေးတွေက ကျနေလည်း
ငါ သွေးကြွနေဆဲ
တကယ်က ငါမသေပါ
တိုင်းသိပြည်သိ ဖြစ်အောင်သာ
ငါ သေချင်ယောင် ဆောင်ခဲ့မိတာပါ ။    ။

(အောင်ချိမ့်သို့)

ညိုထက်ညို

...


"လမ်းပြကြယ်ကြွေ"
-
လူတွေရှင်ကျန်အောင်
​အသေခံပြီးကဗျာတွေရေးသွားကြတယ်
ငါတို့က လမ်းရွေးဖို့လိုသေးလို့လား

ခင်လွန်း
နံနက်- ၈:၅၀
ဩဂုတ် ၁၀၊ ၂၀၂၁
-
* A Fall Of Guide Star *
- - - - - - - - - - - - - - - - - 
                         
To keep humans alive 
He happened to be died and wrote poems
Do we still need to choose a path ?

                      Khin Lunn
                      8:50 a.m       

     Translated by Nei Htek Naing
                    Aug 10 , 2021 
 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar