နောင်ကျော် - မီးလျှံရဲ့ ခြေသံများ
မိုးမခကဗျာ
မီးလျှံရဲ့ ခြေသံများ
နောင်ကျော်
(မိုးမခ) သြဂုတ် ၆၊ ၂၀၂၁
နေ့မှာ ကြယ်တွေကြွေရ
ညမှာ ရနံ့တွေပါ ခြွေချခံနေရ
အမှောင်ကျခေတ်ညများ။
နေ့ညမှောင် ခရီးမှာ
သွေးမကြောင်တဲ့ မီးရောင်ဟာ
လမ်းကို ရှင်းရှင်းမြင်စေ
ပန်းကို သင်းသင်းဝေစေ
ကြယ်ကို ဝင်းဝင်းလက်စေ
အမြင်ကန်းကို လင်းလင်းထင်စေ။
ကြည့်ကြစမ်းဟေ့
တွေ့မိကြရဲ့လား
သူတို့ ခြေသံတွေထဲမှာတောင်
မီးတောက်မီးလျှံတွေနဲ့။
၃၁ ဇူလိုင်၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar