Breaking News

ဆောင်းယွန်းလ - နေ့အသစ်တစ်​နေ့ ဖွားမြင်မှု



နေ့အသစ်တစ်​နေ့ ဖွားမြင်မှု
ဆောင်းယွန်းလ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၁

အတိတ်ကို
ခေတ်တ​ခေတ်လုံးရင်းပြီး ဆုံးရှုံးခဲ့ရ​ဖူးပါပြီ
မြစ်တမြစ်မှာ
ရေနှစ်ခါချိုးလို့မရနိုင်​ခဲ့ပေမယ့်
ချောင်းတစ်​ချောင်းထဲမှာ
စစ်ပွဲ​တွေ အခါခါဖြစ်ခဲ့ရတယ်
သေသူရဲ့အ​လောင်းကိုထမ်းခဲ့ရသလိုမျိုး
ရှင်သူအတွက် အ​ခေါင်း​တွေကိုလည်း ထမ်းခဲ့ရ​လေတယ်
ကျည်ကွယ်မျက်ကွယ်ရာ​ရောက်မှ
သေမင်းဆီမှာ​ ကျောက်ချရမှာလား
နောက်မကျ​သေးဘူးဆိုတဲ့အ​တွေးကပဲ
အရာရာကို ရှေ့တိုး​စေခဲ့တာပါ
ဒူး​ထောက်ခြင်းဟာ
ပစ်မှတ်ကို ချိန်ရွယ်တာဖြစ်သလို
လက်​မြှောက်ခြင်းဟာလည်း
အားမာန်ယူပြီး အသံကုန်ဟစ်​ကြွေးဖို့ပဲဖြစ်တယ်
ခေတ်က​ပေးသ​လောက်​ရေးခဲ့ရတဲ့ ကဗျာ​တွေမှာ
အသားမာ​တွေ​တောင်တက်​နေခဲ့ပါပြီ
သွေးထွက်သံယိုမှုမြင်ကွင်း​တွေရဲ့​နောက်မှာ
အနာဂတ်ဆိုတာ
အပြာလွင်ဆုံး​ကောင်းကင်​အောက်က
စိမ်းလန်းတဲ့လွင်ပြင်ကျယ်တခုပါပဲ
တိုက်ပွဲကို လိုက်ပွဲမှာစားသလိုမျိုး
မိုးတဆုံး​မြေတဆုံး ရုန်းထွက်လိုက်ကြရုံနဲ့တင်
အရာရာဟာ ရှင်သန်ခြင်းရဲ့ နေ့သစ်ပဲဖြစ်မယ်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar