Breaking News

မိုးမခကဗျာ - ခိုင်မာကျော်ဇော ''သစ္စာ ဒီးကူ''

ဓာတ်ပုံ ဒီဇိုင်း#  crd
မိုးမခကဗျာ
စက်တင်ဘာ ၁၃၊ ၂၀၂၁

''သစ္စာ ဒီးကူ''
ခိုင်မာကျော်ဇော 

ငါ့သားလေးမှာ ဘာအပြစ်ရှိလို့လဲ
သိုင်းဖွဲ့ မဆိုတတ်တဲ့ အမေဟာ 
မှတ်ပုံတင်ကဒ်ပြားလေးထဲ ကြယ်ပွင့်လေးကိုကြည့်ပြီး
မျက်ရည်တွေနဲ့ ကြေကွဲ။ 
ဖီးဒေးလယ်နဲ့ ပါးစကွားလယ်တဲ့
ဒီးကူလေး တစ်တွဲပါ
လောပီတမြေမှာ မွေးပြီး
ရေနံဆီးမီးခွက်လေးနဲ့ 
ဘဝကို ချုပ်လုပ်ခဲ့သူလေးတွေ
အခုတော့ 
ကမ္ဘာသိအောင် လင်းလက်ခဲ့ကြပြီ။ 
သူတို့တွေဟာ 
ရုပ်ထုထက် ကတိကဝတ်ကို ချစ်မက်ခဲ့ကြ
ထိုထက်မက
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပိုချစ်မက်ကြ။ 
ဒီချစ်မက်ခြင်းတွေနဲ့ 
သစ္စာတရားကို သီကုံးခဲ့ကြတယ်
" စစ်အာဏာရှင်စနစ် ကျဆုံးရမယ် "
" တရားသောစစ် အောင်ရမယ် " 

စက်တင်ဘာ ၁၂၊ ၂၀၂၁
ဓာတ်ပုံ ဒီဇိုင်း#  crd
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar