Breaking News

မိုးမခအက်ဆေး - ဇာနည် " D - Day နဲ့ အတွေးတစ.."

မိုးမခအက်ဆေး
စက်တင်ဘာ ၈၊ ၂၀၂၁

" D - Day နဲ့ အတွေးတစ.."
ဇာနည်

ဒီဒေးဆိုလို့...
လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၇) နှစ် (၁၉၄၄- ဇွန်-၆) က မဟာမိတ်တပ်ပေါင်းစုတွေက ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီကမ်းခြေကိုထိုးစစ်ဆင်ခဲ့တာလေးတွေကို ပြူးပြဲပြီး ပြန်ရှာဖတ်ကြည့်မိခဲ့ပါတယ်။
ဥရောပစစ်မျက်နှာ မဟာမိတ်တပ်ပေါင်းစုရဲ့သေနာပတိကတော့ ဗိုလ်ချုပ်ကြီး အိုက်လို့ချစ်စနိုးခေါ်တဲ့ "အိုက်စင်ဟောင်ဝါး" ပါ့။ သူဟာ ဒီဒေးစစ်ဆင်ရေးနဲ့အောင်မြင်ခဲ့ပြီး စစ်ပြီးခေတ် သမ္မတဝင်ရွေးခံခဲ့ရာမှာလဲ အမေရိကန်သမိုင်းမှာ အောင်မြင်ပြောစမှတ်ပြုတဲ့ သမ္မတ(၁၉၅၃-၁၉၆၁) ဖြစ်ခဲ့ဖူးပါတယ်။

အိုက်စစ်ဟောင်ဝါးရဲ့ အအောင်မြင်ဆုံးလုပ်ရပ်ကတော့..ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရိကန်နိုင်ငံမှာ စစ်ပြန်စစ်သားတွေဟာ အလုပ်လက်မဲ့တွေဖြစ်ခဲ့ကြရပြီး "Great depression ", လို့ခေါ်တဲ့ အထွေထွေစိတ်ကျရောဂါတွေခံစားခဲ့ရပြီး..ကိုယ့်ကိုယ်ကိုသတ်သေမှုတွ..ရာဇဝတ်မှုတွေအမြောက်အမြားဖြစ်ပွားခဲ့ပါတယ်။ ဒါတွေကို ကုစားဖို့အတွက် ဗိုလ်ချုပ်ကြီး အိုက်ဟာ သူ့သမ္မတဖြစ်တော့ "Highway projects "တွေကိုအကောင်ထည်ဖော်ခဲ့တယ်။

သူဟာ စစ်ရေးမှာအောင်မြင်တဲ့ "Stategic plan" တွေချမှတ်နိုင်ခဲ့သလို့.. တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာလဲ အောင်မြင်တဲ့စီမံကိန်းတွေရေးဆွဲအကောင်အထည်ဖော်ခဲ့သူဖြစ်ခဲ့ပါတယ်။
သူဟာ ဥရောပစစ်မြေပြင်ကပေးတဲ့အတွေ့အကြုံအရ "Infrastructure"  လမ်းပန်းဆက်သွယ်ရေးစနစ်ဟာ စစ်ရေးနဲ့စီးပွားရေးမှာအရေးပါတာကိုသိရှိခဲ့သူလဲဖြစ်ပါတယ်။

ဒီကနေ့ အမေရိကန်နံပါတ်ဝမ်းလို့ပြောနေတဲ့နိုင်ငံမှာ နိုင်ငံရဲ့အရှေ့အနောက်-တောင်မြောက် (Interstate highway ) အဝေးပြေးလမ်းမကြီးတွေကိုစီမံကိန်းချအကောင်အထည်ဖောခဲ့သူတယောက်ဖြစ်ပါတယ်။

ဒါကြောင့် ဒီအဝေးပြေးလမ်းမကြီးတွေကို "အိုက်စင်စင်ဟောင်ဝါး ဖိုက်စတား ဟိုက်ဝေး" (Eisenhower five stars highway )လို့ ဂုဏ်ပြုခဲ့ရပါတယ်။
အိုက် ရဲ့ အဲ့ဒီစီမံကိန်းတွေဟာ အမေရိကန်စစ်သားတွေရဲ့အလုပ်လက်မဲ့ပြဿနာနဲ့စိတ်ဓာတ်ကျဆင်းမှုတွေကိုကုစားပေးနိုင်ခဲ့သလို ဒီကနေ့ အမေရိကန်ကို ကမ္ဘာ့စီးပွားရေး အတိုးတက်ဆုံးနိုင်ငံ ဖြစ်စေခဲ့ပါတယ်။

တိုင်းပြည်တခုမှာ တော်လှန်ရေးဆိုတာ ဒီတိုင်းပြည်ကိုအသစ်ကစပြန်လည်ကြိုးပမ်းမှုတခုဖြစ်သလို တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့တည်ဆောက်ရေးဟာလဲ တော်လှန်ရေးလွန်ကာလမှာအရေးကြီးလှပါတယ်။
တော်လှန်ရေးပြီးမြောက်အောင်မြင်ခဲ့သော် ဘယ်နိုင်ငံရေးစနစ် ဘာစီးပွားရေးစနစ်အရ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ကြမယ်ဆိုတာကိုလဲ ခုကထဲ ရှင်းလင်းပြတ်သားစွာဖော်ပြထားနိုင်ရပါမယ်...(ဟိုလိုလို ဒီလိုလိုမလုပ်ကြဖို့လဲ အရေးကြီးပါတယ်)

ကျနော်ယုံကြည်တာကတော့.. ဒီတိုက်ပွဲဟာ အဖိနှိပ်ခံမြန်မာပြည်သူသန် း(၅၀) ကျော်ကတဖက်..လက်တဆုပ်စာဖိနှိပ်သူစစ်အာဏာရှင်တွေကတဖက်.. သူသေ ကိုယ်သေ အပြုတ်တိုက်ရမဲ့တိုက်ပွဲဖြစ်တယ်။

ဒီတိုက်ပွဲဟာ ပါတီတခုအာဏာပြန်ရရေး..ဖြုတ်ချခံအစိုးရအဖွဲ့တခုပြန်လည်တည်ဆောက်ရေး, ခေါင်းဆောင်တယောက်လွတ်မြောက်ရေး လုံးဝမဟုတ်ပါဘူး..။ " အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲ" ဖြစ်တယ်ဆိုတာမမေ့ကြဖို့အရေးကြီးပါတယ်။

ဒီစာဟာ ကမ္ဘာ့သမိုင်းမှာ ဖက်ဆစ်ဝါဒကိုအနိုင်တိုက်နိုင်ခဲ့တဲ့ "D Day" စစ်ဆင်ရေးနဲ့ စစ်ပြီးခေတ်ကာလ တိုင်း ပြည်တည်ဆောက်ရေးတွေကိုပြန်လည်မြင်ယောင်ကြည့်မိပြီး ကျနော့်ရဲ့အတွေးတစကို ရေးလိုက်တာပါပဲ။

စစ်အာဏာရှင်စနစ်အပြုတ်တိုက်ရေး..!
စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး..!
အရေးတော်ပုံအောင်ရမည်..!
တော်လှန်ရေးသစ္စာဖြင့်..

ဇာနည်
(၉-၇-၂၁)
-
(စာကြွင်း...ပုံမှာ ဒီဒေးစစ်ဆင်ရေးတွင် မဟာမိတ်တပ်ပေါင်းစုတပ်များက နော်မန်ဒီကမ်းခြေကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ထိုးစစ်ဆင်ရာတွင် ယခုကျနော်နေထိုင်ရာ ယူထပြည်နယ်(Utah), နာမည်ဝှက်ပေးထားတဲ့ စစ်ကြောင်းတခုလဲ ပါဝင်ခဲ့ပါတယ်...တိုက်ဆိုင်မှုပဲဆိုပါတော့..
ဒီ တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် ကျနော်တို့လဲ ဖိနပ်ချွတ် လှေခါးထစ်တနေရာက ဒုအရံတပ်သားအဖြစ်ပါဝင်နေပါကြောင်း မမေ့မလျှော့ ဂုဏ်ယူစွာဖော်ပြအပ်ပါတယ်..)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar