ရန်/ငါ မပြတ်လို့ သံဃာ အသတ်ခံရ နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ ... တို့၏ အစ

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁အဲသည် စကားလုံး အသုံး ၂ ခု နဲ့ ပတ်သက်ပြီး ကဗျာဆရာ သစ်ကောင်းအိမ်က ရင်းမြစ်ကို ရှင်းလင်းတင်ပြထားတာကို ဖတ်ရှုရပါတယ်။ အဲသည် အသုံးကို ထည့်သွင်းရေးသားထားတဲ့ ကဗျာဆရာ ကိုအောင်ဝေးက ဒါကို ဝန်ခံပြီး ပြန်လည် ရှင်းလင်းထားပါတယ်။
စာဖတ်သူတို့ သိရှိနားလည်နိုင်စေဖို့ တင်ပြလိုက်ပါတယ်။

သစ်ကောင်းအိမ်ရဲ့ အောင်ဝေးဆီသို့ ပါစင်နယ်ရေးသည့်စာ
ကိုဝေးရေ …
မနေ့က မိုးမခကထုတ်တဲ့ အကို့ရဲ့ဒေဝဒတ်ရဲ့ပစ္စတိုအမှာစာမှာ အကို့ခံယူချက်ဆိုပြီးတွေ့လို့ အားနာစွာနဲ့ဒီစာကိုရေးလိုက်တာပါ။
အပေါ်ဆုံးက -
ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရ … ဆိုတာ

ကွယ်လွန်သူ ကိုတိတ်ကြီး(ခ) ကဗျာဆရာမင်းတိတ်ခ သံဃာအရေးအခင်းဖြစ်စ ကိုဝေးမဲဆောက်မရောက်ခင် ကိုလွမ်းဏီနဲ့မအေးမာတို့ အိမ်ဘေး ဒေါင်းရင်ပြင်က အဘဦထွန်းကျော်နဲ့ ကိုသံခဲတို့ တဲကဗန်းမှာ ကိုတိတ်ကြီးကိုယ်တိုင်မြေဖြူခဲနဲ့ရေးထားတဲ့ သူ့ကိုယ်ပိုင်အဘိဓမ္မာပါ။
သွေးကြွေးမှာ …
ဆွေးနွေးစရာ မရှိ … က
ကိုအောင်ဝေး မဲဆောက်မရောက်ခင်ကတည်းက ကိုဇော်ဝင်းလွင်တို့ ရောင်ခြည်ဦးရုံးမှာ ထိုင်ရေးခဲ့တဲ့ ရွှေဝါရောင်ဥဒါန်းကဗျာထဲက နောက်ဆုံးပိုဒ်ကို လိိုသလို တိပြီး ကိုဝေးယူသုံးထားတာပါ။ ( အဲကဗျာ ကျနော်ရေးကို ကိုမျိုးမြင့်( မျိုးမြင့်ချို) ကိုယ်တိုင် ကျနော့်ဘေးရှိပြီး သူ အရင်ဆုံးဖတ်ရတာပါ)။
အရင်ဆုံးဖော်ပြတာက မမေငြိမ်း သူ့ဘလော့မှာ ဖော်ပြခဲ့တာပါပါ။ ဒုတိယဖော်ပြတာကတော့ ကျနော်တို့ရဲ့ ကိုစိုးနေလင်း(ခ) ကိုစိုးသစ်ခေါ် ကိုထွန်းဝေပေါ့။ အဲအချိန်သူတာဝန်ယူနေတဲ့ ခေတ်ပြိုင်အွန်လိုင်း မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပေါ့။
နောက် ဒေါက်တာလွဏ်းနဲ့ အဲခေတ်ကဘလော့ခေတ်ဆိုတော့ ဘလော့အများအပြားမှာ ဖော်ပြခဲ့တယ်ပေါ့။
အဲဒီ ကျနော်စာလုံးကို ကိုအောင်ဝေးစယူသုံးတည်းက ကိုထွန်းဝေ ဘန်ကောက်ကနေ ဖုန်းဆက်ပြီး " အောင်ဝေးက မင်းကဗျာကို ဘာလုပ်တာလဲ ဇော်ကြီး.." ဆိုပြီး ဖုန်းဆက်ခဲ့တယ်။ ကိုစိုးသစ်တို့ မမေငြိမ်းတို့ ဒေါက် တာလွဏ်းတို့ သက်ရှိထင်ရှားရှိပါသေးတယ် ကိုဝေး။
ကိုဝေးနဲ့လည်း အရင်းအခြာတွေမို့ မေးကြည့်ဖို့အခက်အခဲ ရှိမယ်မထင်ပါဘူး ။ ကိုလွမ်းဏီတို့ ကိုသံခဲနဲ့တကွ ကျောင်းသားတပ်မတော်ကလူတွေရော သတိမေ့နေရင် ပြန်မေးကြည့်လို့ ရပါတယ်။
ကိုတိတ်ကြီးစကားလုံး ကိုတိတ်ကြီးအဘိဓမ္မာဆိုတာကိုလည်း ကျောင်းသားတပ်မတော်ကလူတွေ အကုန်သိပါတယ်ကိုဝေး။
ကိုဝေးက စာပေပညာရှင်အဖြစ်အသတ်မှတ်ခံထားရသူလည်းဖြစ်တော့ ကျနော်တခုမေးချင်ပါတယ်။
အကိုရဲ့ " ယာမာဂူချီခင်ဆွေရီ" ကဗျာထဲက
" ဘဝဆိုတာ
လှပစွာဆင်းရဲတတ်ဖို့ပဲလိုတယ်"
ဆိုတဲ့အဘိဓမ္မာကို ကျနော်ကယူငင်ပြီး
"ဘဝဟာ
လှပစွာ
ဆင်းရဲရမယ့်အရာ" ...
" ဘဝဟူသည်
လှပစွာဆင်းရဲတတ်ရမည်"
... အစရှိသဖြင့် ပြောင်းလဲ သုံးစွဲလိုက်တာနဲ့ ကျနော့်အဘိဓမ္မာ ကျနော့်ခံယူချက်ဖြစ်သွားရောလား ကိုဝေး …
ကိုဝေးယူငင်သုံးစွဲပြီး ကိုဝေးကိုယ်ပိုင်အကြိမ်ကြိမ်အခါခါ မူပိုင်လုပ်ယူနေတဲ့ ကဗျာဆရာမင်းတိတ်ခနဲ့ ကျနော်ရဲ့ကဗျာတွေဟာ စကားလုံးသက်သက်မဟုတ်ပါဘူး ကိုဝေး။ ကျနော်တို့ကဗျာထဲက ထွက်လာတဲ့ ခံစားချက်အတွေးအမြင်တွေပါ။
ခုလို တတိုင်းပြည်လုံး အသက်နဲ့ဘဝနဲ့ရင်းပြီး အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေချိန်မှာ ဘာမှဟုတ်တဲ့ ကဗျာအာဏာလုပွဲကျင်းပနေသလိုဖြစ်ပြီး ရှက်စရာကောင်းလွန်းလို့ စာမျက်နှာပေါ်မတင်ပဲ ကျနော်ငြိမ်ခံနေတာပါကိုဝေး။
နောက်ပြီး အရေးအကြီးဆုံးအချက်က ကိုဝေးပေါ်ထားတဲ့ကျနော်ရဲ့ လေးစားမှုသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။
ဒါနဲ့ သံဃာအရေးအခင်းကြီးကစခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကရော ၁၉ နှစ်ကြီးများတောင် ကြာမြင့်သွားခဲ့ပြီတဲ့လား ကိုဝေး..
ချစ်ခင်လေးနက်စွာ
ဇော်ကြီး ( သစ်ကောင်းအိမ် )
ကဗျာဆရာ အောင်ဝေး၏ ပြန်စာ