Breaking News

မောင်လင်းရိပ် - '' ကိုယ့်လူတွေအတွက် မညှိုးတမ်း သပြေနုချိန်များ ''

Art- Than Htay Maung

'' ကိုယ့်လူတွေအတွက် မညှိုးတမ်း သပြေနုချိန်များ ''
မောင်လင်းရိပ်
အောက်တိုဘာ ၂၂၊ ၂၀၂၁

တော်လှန်ရေးဆိုတာ ဘယ်ခါ မအိုမင်း
ကြာလေ ဝင်းလေ ပွင့်လန်းလေလို့ ငါဆိုမယ်
သပြေနုချိန် တင်ရန် ပန်းတွေက များတဲ့ အချိန်ကို စိတ်စောတယ်
တော်လှန်ရေး အဓွန့်မရှည်မှ ဖြစ်မယ်
ချိန်းဆိုထားသလို မင်း မရောက်လာခဲ့ရင်လည်း
ရောက်လာသလိုပဲ အောင်ပွဲတေးသံက မျက်ရည်နဲ့ စိမ်ထားသလို 
လန်းဆန်း ပဝါဖြူ အေးအေးဟာ ရေခဲငွေ့လေး ဝေ့လူနေမလား
ဆုံတော့ ပြန်ဆုံကြမှာပဲ စုံချင်မှ စုံလေမလား ငါတို့လူတွေလို့
နောက်ဆုံး သက်ပြင်းကို ချပြီးမှပဲ တွေးလိုက်ပါတော့မယ်
ခုချိန်တော့ သေနတ်မပါဘဲ ရှေ့တန်းထွက်သွားတဲ့ အသက်မပြည့်သေးသူ
တော်လှန်ရေး ရဲမေလေးအကြောင်းကို ကြားရလည်း ရင်မကွဲလေနဲ့
ငါတို့ ရဲဘော်မရဲ့ လက်နက်တိုက်ဟာ ရန်သူစစ်သားရဲ့ အလောင်းမှာ
ပြောက်ကျားစစ်မှာ တိုက်ပွဲတွေဆိုတာ လက်နက်ထောက်ပို့အတွက် အကွက်အကွင်းနေရာပေါ့ကွာ
ငါတို့မှာ အဲ့ဒီလိုမှ မတွေးရင် ဘယ်သူ့ကို ဆဲဆို အပြစ်ပုံချနေရမလဲ
တော်လှန်ရေးဆိုတာ ရင့်မှည့်လို့ စကြတာမျိုး ဆိုပေမဲ့
အသင့်ရှိလို့ ထချတာမျိုးတော့ မဟုတ်ဘူးလေ
ပြည်သူလူထုဆိုတာ မဟာပထဝီမြေကြီးလို နင်းချင်တိုင်း နင်းလို့ရတယ်မထင်ကြနဲ့
ငလျင်လို ခါချတဲ့အခါ နိုင်ငံတော်ဟာ ပျက်ကျတော့တာပဲ
ငါတို့ ဒီကမ်းကို ပြန်တက်မိတဲ့ခါကျ တောင်ပံဒီဇိုင်းတွေအကြောင်း လှည့်ကြရဦးမပ
ဆုံကြ စုံကြစေချင်ရဲ့ ဆိုတဲ့ စောနေသော စိတ်များဟာ
သပြေနုချိန် အောင်နိမိတ်တွေနဲ့ မညှိုးတမ်း လန်းဆန်းလျက်။

၂၀၂၁ အောက်တိုဘာ ၁၇
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar