Breaking News

နှင်းခါးမိုး - မိုးပြိုတဲ့ည

နှင်းခါးမိုး - မိုးပြိုတဲ့ည
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၁

ဘုရားကြီးတွေက ရွှေ‌ရောင်ဝင်းနေချိန်မှာ 
တတိုင်းတပြည်လုံးက အမှောင်ကျနေတယ်။

တကမ္ဘာလုံးကာကွယ်ဆေးထိုးနေချိန်မှာ 
ငါတို့ပြည်သူတွေက ဗုံးကြဲခံနေရတယ်။

မြို့ကြီးတွေကို ရေဆေးနေချိန်မှာ 
ကျေးလက်က သွေးထွက်လွန်နေခဲ့ပြီ။

လေတိုးခံရတဲ့ကြိုးတချောင်းလို
သောင်ရင်းမြစ်လေးဟာ တုန်ခါနေရှာရော့မယ်။

နှင်းခါးမိုး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar