လူခါးခါး - လူသတ်သမား
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၁
လူသတ်သမားဟာမျက်နှာဖုံးစွပ်မထားဘူး
အနက်ရောင်ဝတ်စုံဝတ်မထားဘူး
လူသတ်သမားဟာ
လူတွေနဲ့ရောထွေးနေထိုင်
လူတွေလို အယောင်ဆောင်နေကြတယ်
လူသတ်သမားဟာ
လူကြီးလူကောင်ဆန်တယ်
လူသတ်သမားက
သူတော်ကောင်းတရားတွေဟောတယ်
လူယောင်ဆောင်ထားတယ်
လူအယောင်ဆောင်ထားတဲ့လူအတုတွေရှိတယ်
လူအစစ်ကိုငါတို့မတွေ့ခင်
လူအယောင်ဆောင်ထားတဲ့လူကပဲ
ငါတို့နောက်ကျောကိုဓားနဲ့ထိုးမှ
လူသတ်သမားကိုငါတွေ့တယ်
လူသတ်သမားဟာ
လူယောင်ဆောင်ထားတဲ့သူဖြစ်နေတယ်။
လူခါးခါး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar