Breaking News

ချမ်းမြ - အနီရောင် ကြယ်

ချမ်းမြ - အနီရောင် ကြယ်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၁

မကောင်းသူပယ် ကောင်းသူကယ်တဲ့ 
သကြားသာသနာမှာ 
ဘုရားဟာ ငါတို့ကမ္ဘာကို 
ဘယ်ချိန်မှ ရောက်လာမယ်မသိဘူး။

အဓမ္မကိုတော်လှန်ရင်း 
ကြွေသွားတဲ့ကြယ်လေးတွေကိုတော့ 
လူငယ်လို့ နာမည်ပေးထားလိုက်တယ်။

ချစ်ခြင်းများဖြင့် 
ချမ်းမြ

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar