Breaking News

ဂျာမဏီရောက်မြန်မာများက ဂျာမဏီ၏ ပထမဦးဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးကို ကြိုဆို



ဂျာမဏီရောက်မြန်မာများက ဂျာမဏီ၏ ပထမဦးဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးကို ကြိုဆို

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁

ဒီဇင်ဘာ ၁၂ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးလှုပ်ရှားမှုအဖြစ် မြန်မာ့အရေးကို ထုတ်ဖော်ဆန္ဒပြကြရာမှာ ဂျာမန်ရောက်မြန်မာများလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း မြန်မာ့အရေးနိုင်ငံတကာလှုပ်ရှားမှုမှာ CRPH NUG Support Team Germany ကလည်း ပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် ဂျာမန်အစိုးရအသစ် စတင်တဲ့အချိန်မှာ ပထမဦးဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးကိုလည်း တွေ့ဆုံပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုကျုူးလွန်နေမှုများကြောင့် ဂျာမဏီအစိုးရနဲ့ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ထိရောက်စွာအရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar