Breaking News

ချမ်းမြ - နှစ်ထောင့် နှစ်ဆယ့်တစ်

ချမ်းမြ - နှစ်ထောင့် နှစ်ဆယ့်တစ်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၁

ဗိုင်းရက်စ်ဟာ လေထဲမှာဝဲပျံချိန်
လူ့အခွင့်အရေးဟာ သေးသေးတင်ခံလိုက်ရတယ် 

မက်စ်တပ်ပါ လက်ဆေးပါ
ကိုယ်ကျင့်တရားကို အသန့်ရှင်းဆုံးထားပါ 

ဘဝက ရက်ရာဇာဖြစ်လိုက် ပြဿဒါးဖြစ်လိုက် နဲ့
သွားမယ် မသွားဘူး မသေချာတဲ့ ခရီးတစ်ခုကို
ငါတို့ဟာ အလံတစ်ဝက်ထောင်ပြရင်း နှုတ်ဆိတ်ခဲ့ရ 

ဘုရားတရားလည်း မမေ့နဲ့
ရန်သူကိုလည်း လျော့မတွက်နဲ့
အနာဂတ် ရုပ်ရှင်မှာ ငါတို့အားလုံး အသက်ရှင်ဖို့လိုတယ် 

ချစ်ခြင်းများဖြင့်
ချမ်းမြ

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar