Breaking News

ဇာနီကြီး - အီသီယိုပီးယားနဲ့ မြန်မာနိုင်ငံ

ဇာနီကြီး - အီသီယိုပီးယားနဲ့ မြန်မာနိုင်ငံ 
(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၂၂

နိုဘယ်ဆုရှင် နိုင်ငံခေါင်းဆောင်များ ဖြစ်တယ်။ မြန်မာနိုင်ငံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖြုတ်ချခံရတာ ၁၁ လ ကြာပြီ။ ထောင်ဒဏ် နှစ်များစွာ ချမှတ်ခံနေရပါတယ်။ အီသီယိုပီးယား လက်ရှိခေါင် းဆောင် အဘီအာမက်ကတော့ သူ့နိုင်ငံမှာ အကြီးအကဲဖြစ်လာပြီး၊ ငြိမ်းချမ်းရေးလုပ်နိုင်လို့  ၂၀၁၉ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိထားသူဖြစ်ပါတယ်။ ၂ နိုင်ငံစလုံး အတိုက်အခံများ လက်နက်ကိုင်တော်လှန်နေကြတယ်။ ပြည်တွင်းစစ်ကနေ  ဘယ်လိုရုန်းထွက်မလဲ ကမ္ဘာက စောင့်ကြည့်နေပါတယ်။

မိုးမခ မှာ ဆောင်းပါးရေးဖူးတယ်။ အီသီယိုပီးယားနိုင်ငံကြီး အငတ်ဘေးကလွတ်မြောက်လို့ သူတို့တိုင်းရင်း သားတွေ ပြန်လည်ညီညွတ်၊ တိုးတက်လာပြီ။ တချို့က မြန်မာနိုင်ငံထက် အပြတ်သာလွန်သွားပြီဆိုလို့ မဟုတ်ပါ။ မြန်မာနိုင်ငံက အခြေအနေပိုကောင်းပါတယ်လို့ ဆောင်းပါးရေးခဲ့ပါတယ်။

အခု ၂၀၂၀ -၂၀၂၁ တွေမှာ ကိုဗစ်ကပ်ရောဂါထက် ပြည်တွင်းစစ်များဖြစ်နေတာ အဲဒီ အလံခပ်ဆင်ဆင် အီသီယိုပီးယားနဲ့ မြန်မာနိုင်ငံတို့ဖြစ်တယ်။ စစ်ဖြစ်ပုံများကမတူသော်လည်း အာဏာကို အတိုက်အခံများနဲ့ ခွဲဝေယူဖို့ မဖြစ်နိုင်တော့လို့ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းနေကြတာပါ။

အီသီယိုပီးယားအခြေအနေက မြန်မာနိုင်ငံလိုပဲ တိုင်းရင်းသားပြည်နယ် အမြောက်အများနဲ့ လူဦးရေသန်း၁၂၀ ရှိတယ်။ အငတ်ဘေး၊ အာဏာရှင် စသဖြင့် ဆင်းရဲမွဲတေခြင်းကနေ တဖြည်းဖြည်း ညီညွတ်လာပြီး တိုးတက်လာတယ်။ ရွေးကောက်ပွဲနိုင်တဲ့ပါတီက အုပ်ချုပ်နေစဥ် နောက်တခါ ရွေးကောက်ပွဲမှာ လက်ရှိအကြီးအကဲ အဘီအာမက်ရဲ့ပါတီက အနိုင်ရရှိသွားတယ်။ ယခင်ပါတီက လက်ခံတယ်။ နောက်တကြိမ် ရွေးကောက်ပွဲမှာ အဘီအာမက်ပါတီက မတရားလုပ်ပါတယ်ဆိုပြီး၊ ယခင်အာဏာရပါတီက လက်နက်ကိုင်တော်လှန်ရေး စတင်တယ်။ တိုင်းပြည်တည်ငြိမ်အောင်လုပ်နိုင်တဲ့ လက်ရှိသမ္မတကို နိုဘယ်ဆုချီးမြှင့်ခံရသော်လည်း အခုတော့ နိုဘယ်ဆုရှင်ကြီးက ကိုယ်တိုင်စစ်ပွဲဝင်နွဲနေရပြီ။ အတိုက်အခံများက အစိုးရတပ်များကို အောင်နိုင်ပြီး မြို့တော်အထိ ချီတက်လာသော်လည်း အစိုးရက သွေးခွဲနည်းကိုသုံးတယ်။ နိုင်ငံမြောက်ပိုင်း Tigrayans အခြေပြုတဲ့ အတိုက်ခံတပ်များကလည်း စစ်သွေးကြွလာပြီး အခြားတိုင်းရင်းသားများကို ချီတက်ရာလမ်းတလျှောက် (သူတို့ကို မထောက်ခံရင် သတ်ဖြတ်နှိပ်ကွပ်တယ်)။ နောက်ဆုံးတော့ တိုင်းရင်းသားတစ်မျိုး Afar  က ချီတက်လာတဲ့ အတိုက်ခံတပ်များကို တွန်းလှန်တယ်။ အစိုးရတပ်များကလည်း သမ္မတကိုယ်တိုင် ရှေ့တန်းမှာ အိပ်တယ်။ ရှေ့တန်းစစ်သားများနဲ့ အတူစားသောက်တယ်။ အခု အတိုက်အခံတပ်များ မြို့တော်ကို သိမ်းဖို့ လက်တကမ်းအလိုမှာ နောက်ဆုတ်ပေးရလိုက်ရပါတယ်။ အတိုက်အခံကို အမေရိကန်နဲ့မဟာမိတ်များက ထောက်ခံပြီး၊ အစိုးရကတော့ ပတ်ဝန်းကျင်နိုင်ငံများကို ချဥ်းကပ်ပါတယ်။ 

အီသီယိုပီးယား ဆိုတာ အာဖရိကတိုက် စစ်အာဏာသိမ်းပြီး ၂လအကြာ ဖမ်းထားတဲ့ ပြည်သူ့အစိုးရကို ပြန်လွှတ်ပေး၊ အာဏာပြန်အပ်ရတဲ့ ဆူဒန်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ စစ်အာဏာရှင်များက ဆက်လက် ထိန်းချုပ်နေမြဲမို့လို့ ဆူဒန် ပြည်သူလူထုကတော့ ဆန္နပြနေဆဲ ဖြစ်တယ်။ 


မြန်မာနိုင်ငံ အခြေအနေကတော့ အားလုံးသိတဲ့အတိုင်း ဖြစ်ပါတယ်။ အီသီယိုပီးယားကဲ့သို့ မြို့ကြီးများစွာ မြို့သိမ်းတိုက်ပွဲများ မဖြစ်သေးပါ။ အီသီယိုပီးယားမှာတော့ လူတွေ ၅ သန်း မျှော်လင့်ချက် နဲ့ အသက်ရှင်ရပါတယ်။ စစ်အာဏာရှင်များ ပြည်သူကိုအာဏာပြန်အပ်ဖို့ ပြည်လုံးကျွတ် ငြိမ်းချမ်းစွာ ဆန္နပြနေရာတာကို ရက် စက်စွာ သတ်ဖြတ်၊နှိမ်နင်းလို့ အခုဆိုရင် လက်နက်ကြီးများသာမက၊ လေကြောင်းတိုက်ခိုက်မှုများနဲ့ ပြည်သူ့တော်လှန်ရေး ပျောက်ကျားများကို တိုက်ခိုက်နေပါတယ်။ တော်လှန်ရေးအင်အား အထူးသဖြင့် G-Z လူငယ် ပညာတတ်များက ဦးဆောင်နေခြင်းဖြစ်လို့ စစ်အာဏာရှင်များ အထီးကျန်၊ တရုတ်နဲ့အိမ်နီးချင်းများကလည်း တရားဝင် မထောက်ခံတော့ပါဘူး။ 

◾️သင်ခန်းစားယူရန်
မြန်မာနိုင်ငံမှာ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ အီသီယိုပီးယားလို မဖြစ်ဘူးဆိုပြီး မိမိကိုယ် အထင်သိပ်မကြီးသင့်သလို၊ ‌နွေဦးတော်လှန်ရေး အင်ယူဂျီခေါင်းဆောင်များကလည်း ပြည်သူများထောက်ခံတယ်ဆိုပြီး မိမိကိုယ် အထင်သိပ်မကြီးသင့်ပါ။ အီသီယိုပီးယားမှာ မြို့သိမ်းတိုက်ပွဲအောင်မြင်ချိန်မှာ တော်လှန်ရေးတပ်များကို ထိန်း ချုပ်ဖို့ အရမ်းခက်လာပြီး၊ လက်နက်အင်အားနဲ့ငွေအင်အားကြီးတဲ့ အစိုးရတပ်က ပြန်တွန်းလှန်ခြင်းကို ခံခဲ့ရပါတယ်။ 

◾️မြန်မာနိုင်ငံ
အင်ယူဂျီ ရဲ့ ပြည်သူ့စစ် မဟာဗြူဟာကတော့ စစ်ကောင်စီကိုလည်း အထင်မသေးသင့်ပါ။ စစ်ကောင်စီက ပြည်သူမထောက်ခံသော်လည်း လက်နက်အင်အားနဲ့  ငွေကြေးအင်အား အဆမတန်သာလွန်ပြီး၊ စစ်ကောင်စီကြွေးမွေးတာကို စားသောက်၊ အသေတိုက်ခိုက်ပေးနေတဲ့ လက်မရွံ့ တပ်မှူးများနဲ့ နောက်လိုက်တစုရှိနေတာကို မမေ့သင့်ပါ။ လေကြောင်းက တော်လှန်ရေးထောက်ခံတဲ့ မြို့ရွာ ပြည်သူများကို စစ်ရှောင်စခန်းများထံ ထွက် ပြေးအောင် လုပ်ခဲ့ပါတယ်။ (၂၀၂၁ ကချင်ပြည်နယ်၊ ၂၀၁၆ ရခိုင်ပြည်နယ်-ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသားများ) အခုလည်း အဲသလိုလုပ်နေပါတယ်။ 

ဒီတခါတော့ ဗမာလူမျိုးအချင်းချင်းကို အနိုင်ကျင့်၊ အင်အားသုံးချေမှုန်းရုံမက ပြည်နယ်များမှာ သွေးခွဲသလို ရွာထဲက ရွာသားအချို့ကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ကြိုးစားနေပါပြီ။ လူသားဒိုင်းအဖြစ် ရွာများကို ခြေလျှင်တပ်များက ဝင်စီးခြင်းများ အာဏာသိမ်းပြီးကတည်းကလုပ်နေတာ အခုဆို အဲသလိုလုပ်ဖို့ စစ်ကောင်စီ အင်အားမရှိတော့ပါ။ သို့သော် ပြည်သူ့စစ်ဖွဲ့ပေးခြင်းနဲ့ ဟယ်လီကော်ပတာစစ်ဆင်ရေး ဆက်လုပ်နိုင်သော်လည်း အင်ယူဂျီရဲ့ CCC ဆိုတဲ့ ဗဟိုအမိန့်ပေးစနစ် အသက်ဝင်လာရင် စစ်ကောင်စီ လက်လျှော့ရမှာပါ။ ရခိုင် AA နဲ့ အင်ယူဂျီ ခေါင်းဆောင်များ ဇန္နဝါရီ ၅ ရက်နေ့ ဆွေးနွေးသဘောတူချက်ကတော့ လျှို့ဝှက်ချက်ပါ။ ကချင် KIA, ကရင် KNU များက ‌တော်လှန်ရေးကို အစွမ်းကုန်ကူညီနေပါတယ်။ 

မြို့ကြီးများ အထူးသဖြင့် ဧရာဝတီတိုင်း၊ နဲ့ ပဲခူးတိုင်းတွေမှာ ပျောက်ကျားတိုက်ပွဲများနည်းသော်လည်း ရန်ကုန်တိုင်း မြို့နယ်များမှာတော့ အင်အားပိုကောင်းလာယ်။

◾️ပြည်သူများအတွက် ကူညီရန်နည်း
စစ်ပွဲကြီးများ အနိုင်တိုက်ပြီး အောင်နိုင်ရင်၊ ခေါင်းဆောင်ကောင်းများက ဗဟိုအမိန့်ပေးစနစ်နဲ့ ညီညွတ်ရပါမယ်။ အောင်မြင်မှုရလာရင် သွေးကြွချင်တာက လက်နက်ကိုင်များမှာ ပိုဖြစ်တတ်ပါတယ်။ စစ်ကောင်စီ လက် မရွံ့ တပ်သားများ လက်နက်အင်အားသုံးပြီး အနိုင်ကျင့်နေကြတာ နေ့စဥ်မြင်နိုင်ပါတယ်။ အလွန် စိတ်မကောင်းဖွယ်ရာ ဖြစ်ပါတယ်။ ပြည်သူများက ပုလဲတော်လှန်ရေးသမား ဗိုလ်နဂါးရဲ့ ရိုးသား၊ ကြိုးစား၊ ဉာဏ်ပညာနဲ့ခေါင်းဆောင်မှုကို အရမ်းသဘောကျ၊ လေးစားကြပါတယ်။ အဲဒီလို လက်နက်ကိုင်ခေါင်းဆောင်များစွာ ပေါ် ထွန်းနေသလို အင်ယူဂျီခေါင်းဆောင်များလည်း အဲလိုလူကောင်း၊ လူထူးချွန်များ ဖြစ်ပါတယ်။

ပြည်သူများကူညီဖို့ နည်းလမ်းက ညစဥ် ၈ နာရီအချိန်၊ သံပုန်းမတီးတော့ပဲ မိသားစုများ၊ အတူဆုတောင်းကြဖို့၊ စစ်ဘေးဒဏ်မြို့ရွာများအတွက် နတ်ကောင်းနတ်မြတ်များ၊ ကောင်းကင်တမန်၊ ဘုရားသခင်ထံ ကာကွယ်စောင့် ရှောက်ဖို့ ဆုတောင်းကြသူများကို ကျေးဇူးတင်ပါတယ်။ သြဇာကြီးသူ၊ ဘာသာရေးခေါင်းဆောင်များလည်း ငြိမ်းချမ်းပါစေ ဆုတောင်းကြတယ်။ စစ်ကောင်စီ ပြည်သူ့အာဏာကို အမြန်ဆုံး ပြည်သူထံ ပြန်အပ်ပါစေလို့ ဆုတောင်းနေသူများကို အထူးကျေးဇူးတင်ပါကြောင်း။

အရေးတော်ပုံ အောင်ရမည်။ 
ZNG 
15.1.2022

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar