မောင်လွမ်းဏီ - နှလုံးသားလက်ဖျံ
မောင်လွမ်းဏီ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၂
လူသက်ကောင်ပေးတဲ့
ဘွဲ့တံဆိပ်ဆိုတာ
သွေးစွန်းထင်းနေတဲ့ ကျည်ခွံ
တခုပဲ။
သွေးဆာနေတဲ့
ပါးကွက်သားလက်နက်က
မွေးရာပါ တို့အခွင့်အရေးကို
သွေးသောက်လို့မရပါဘူး။
ကမ္ဘာမြေ
တို့တတွေရဲ့ရင်ဘတ်တွေလေ
နွေဦးရဲ့ ရင်မြေကတုတ်တွေပေါ့။
ချစ်သူ
မင်း ရှေ့ကနေ
နှလုံးသားကို ဒိုင်းကာအဖြစ်
အသုံးပြုဖို့ အခွင့်ပေးပါ
ရိုးသားလှပစွာ ရပ်ခံပါရစေ။
ဟိုမှာ …
လူငယ်မျိုးဆက်တွေ
၃ ဒီဇင်ဘာ ၂၀၂၂
* ပန်းချီဒီဇိုင်းဆရာလေးကိုလည်း ဂါရဝဖြင့် ...
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar