Breaking News

ကိုကျော်(မြစ်ကြီးနား) — အတော်လက်သံပြောင်တဲ့ Chen Weihua



ကိုကျော်(မြစ်ကြီးနား) — အတော်လက်သံပြောင်တဲ့ Chen Weihua

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၂


အစက ဒီပို့စ်ကို မတင်ချင်ပါဘူး၊ တရုတ်အားပေးလို့ ထင်မှာစိုးလို့ပါ၊ တကယ်တော့ မဟုတ်ပါဘူး။ ပြောချင်တာက ရီပတ်ပလီကင်အမတ် Elise Stefanik  အာချောင်လို့ သူမကပဲ ခံလိုက်ရတဲ့ကိစ္စပါ။ ဟိုဘက် ဒီဘက်က အမြင်ကိုပါ သိစေချင်လို့ပါ။

Elise Stefanik - နယူးယောက်က ရီပတ်ပလီကင် အမတ်တစ်ဦး၊ သမ္မတ ဘိုင်ဒန်အုပ်ချုပ်ရေးကို ဝေဖန်တိုက်ခိုက်နေသူလည်း ဖြစ်တယ်။ 

Chen Weihua - သူက တရုတ်အစိုးရရဲ့အာဘော် သတင်းစာသမား၊ တရုတ်အစိုးရသတင်းစာ  China Daily အင်္ဂလိပ်ဘာသာမှာ အမေရိကန်၊ ဥရောပမှာ တာဝန်ယူပြီး သတင်းရေးတယ်၊ အမေရိကန် Stanford တက္ကသိုလ်မှာ ဂျာနယ်လစ်ဘာသာတွေ သင်ယူခဲ့ဖူးတယ်။ အထူးသဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေး ပေါ်လစီတွေကို ဝေဖန်သုံးသပ်တယ်။ 

မနေ့တနေ့က Elise Stefanik က သူမရဲ့တွီတာမှာ America FIRST, China LAST လို့ လက်လွတ်စပယ် ရေးလိုက်တယ်။ ပို့စ်ကိုဖတ်ပြီး Chen Weihua က  ပြန်ပြီးတုံ့ပြန်ခဲ့တာက . . . 

"ဘယ်နေရာမှာ ပထမလို့ ပြောတာလဲ? ကိုဗစ်ကူးစက်မှု နဲ့ သေနှုန်းလား? သေနတ်တွေကိုင်ပြီး အကြမ်းဖက်တာလား? အကျဥ်းထောင် လူဦးရေလား? အိမ်ခြေမဲ့ အရေအတွက်လား? ပြည်ပတိုင်းပြည်မှာ ကြဲချခဲ့တဲ့ ဗုံးအရေအတွက်လား? နိုင်ငံရဲ့ကြွေးမီ ထရီလီယံ သန်း ၃၀ လား? နင့်လိုသောက်ရူး နိုင်ငံရေးသမား အရေအတွက်လား? "

Chen Weihua ရဲ့ ပို့စ်က အတော်လေး လူကြိုက်များခဲ့ပြီး တချို့က 'လူမှုကွန်ရက်မှ လူသတ်မှုကြီး' လို့တောင် တင်စားကြတယ်။ ထူးခြားတာက ပြည်ပနိုင်ငံတချို့ကတောင် သူ့ရဲ့တုံ့ပြန်ချက်ကို သဘောကျခဲ့တယ်။ 

ဒါနဲ့ တရုတ်သတင်းထောက် Chen Weihua ရဲ့အကြောင်းကို နည်းနည်း ဂူဂဲကြည့်လိုက်တော့ သူက အရေးအသား ဝေဖန်တိုက်ခိုက်တဲ့နေရာမှာ အတော်လေးနာမည်ကြီးသူတစ်ယောက် ဖြစ်တာကို တွေ့ရတယ်။

ရီပတ်ပလီကင် Elise Stefanik ရဲ့ လက်လွယ်စပယ် ရေးသားချက်ကြောင့် Chen Weihua ရဲ့ knock out ကိုင်ခံလိုက်ရတဲ့ အကြောင်းလေးပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar