Breaking News

ခိုင်မျိုး - ရွာထဲမှာ

ခိုင်မျိုး - ရွာထဲမှာ
(မိုးမခ) မတ် ၉၊ ၂၀၂၂

တယောထိုးခဲ့တယ် ငါ့သား
မင်းအသက်လေးဆယ်
တယောထိုးခဲ့တယ်
မင်းအဖိုးဟာ သူ့ဘဝကို
တစ်ဘဝလုံးကို
တယောထိုးပစ်သူတွေနဲ့ အငြင်းပွားပြီး
အသက်ကုန်သည်အထိ ထိုးခဲ့
ထောင်ကျသည်အထိ ထိုးခဲ့
တရားမဝင်နိုင်ငံဖြတ်ကျော်ပြီး
ကိုယ့်နိုင်ငံထဲ ကိုယ်ပြန်ဝင်လာတာက
ထောင်ငါးနှစ်
တရားမဝင် စာရွက်စာတမ်းတွေရေးမှုက
ထောင်ခုနှစ်နှစ်
ပေါင်းဆယ့်နှစ်နှစ်
အင်းစိန်ထောင်မှာသုံးနှစ်
​မိသားစုအပါအဝင် ဖေးမသူတို့နဲ့ဝေးဖို့
မြစ်ကြီးနားထောင်မှာ ခုနှစ်နှစ်
ပေါင်းဆယ်နှစ်
တယောသာတွင်တွင်ထိုးခဲ့
သူ့ညီဟာလည်း သူ့ဘဝကြီးကို
နေရာရွေ့ခံရသည်အထိ
စစ်ကြောင်းမှူးကြီးလုပ်ပြီးသည်အထိ
တယောအထိုးခံခဲ့
တသွင်သွင်ထိုးခဲ့
အဖေကိုယ်တိုင်လည်း
တယောဘိုးတံတင်အထိုးခံ
တယောကြိုးလေးတချောင်းပါပဲ
တယောအမည်က ဒို့တိုင်းပြည်တဲ့
မြေးရေ ...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar