သင်းရည်လွင်- ပြန်ဆုံရန်အဆင်မသင့်တဲ့ နွေညနေ
ပြန်ဆုံရန်အဆင်မသင့်တဲ့ နွေ တညနေ
သင်းရည်လွင်
(မိုးမခ) မတ် ၁၆၊ ၂၀၂၂
ခလုတ်တခု ဒါမှမဟုတ် ခလုတ်နှစ်ခု
ဘယ်ခလုတ်ကို နှိပ်နှိပ်
ကြောင်တကောင်မြည်သံ
သိုးတကောင် လဲကျသံ
ဇကာပေါက်ထဲ စစ်ကျသွားတဲ့ ငါး တကောင်မှာလည်း
သူ့နိုင်ငံရေးနဲ့ သူ
ကူးခတ်သွား
သတ်မှတ်ချိန်မရှိတဲ့ကစားပွဲထဲ
ကလေးတချို့က သေရေးရှင်ရေးထက်
သူတို့မနက်ဖန်တွေလည်း ဘာအကြောင်းမှရေးခြစ်ဖို့
ဘူတာရုံလေးဆီမသွားကြ
မိခင်က သားတွေကိုမချစ်နိုင်လောက်အောင်
ဘယ်လိုသေတမ်းစာမျိုးကိုမှ ချန်ထားဖို့ရာ မတွေးမိတော့ဘူး
ရှေ့မီနောက်မီဝတ္ထုစာအုပ်တွေလည်း သူတို့မဖတ်ကြတော့ဘူး
အိမ်ရှေ့သဲမြေလမ်းကပေါ်
ခြေရာတွေက အသွားအလာမတွေ့ရ
တယောက်နဲ့ တယောက်မက်တဲ့အိပ်မက်တူလွန်းနေတာ
ဘယ်သူမှ အရေးတယူမရှိ
အဖြေက ငြင်းဆိုရန်သာတီးခတ်လိုက်ပါတယ်
နွေက အရင်လိုပဲ
ပျင်းရိလွမ်းဆွတ်ဖွယ်
ပြီးတော့
ပြန်စရာအိမ်မရှိတဲ့ငှက်လိုပဲ
ပျံရင်းသေဖို့သာ
မိသားစု ချယ်နယ်လ်ဟာ
အသံလှိုင်းတွေပဲ တဂျစ်ဂျစ်မြည်နေတယ်
ပြန်လည်ဖြေဆိုသူ ဘယ်ရောက်သွားလဲ
အဖြေ မရှိ။
မတ် ၁၀ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar