ဝါကျဖြူ - အမှောင်
အမှောင်
ဝါကျဖြူ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၂
ပြတင်းတံခါးနှစ်ချပ်ကိုပိတ်ပစ်လိုက်တိုင်း
အမှောင်ဟာ ငါ့ကိုချောင်းကြည့်နေတယ်
သူမျက်ဝန်းထဲကတမ်းတမှုတွေနဲ့
ငါတို့ကိုအမှောင်ဆုံးရဲ့ ရာသီဥတုတခုဆီခေါ်သွားတယ်
လူတစုဆီကထွက်လာတဲ့အားနည်းချက်တွေနဲ့ထွက်လာတဲ့အဆီအနှစ်တွေ
လူသားတွေရဲ့ မျိုးနွယ်ဆက်တွေလဲလျောင်းရာညမျက်ဝန်းတွေထဲကူးခတ်စေခဲ့တယ်
ငါ့မျက်ဝန်းဆိုတာ ကန္တာရနဲ့ပွတ်တိုက်ထားတဲ့ ကံဆိုးမိုးမှောင်သံခြေကျင်းတွေပဲ ။ ။
9/4/2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar