ငြိမ်းသစ် - ဘွိုင်းကောက်ရရှာ ပိတောက်ဝါ
ငြိမ်းသစ်
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၂
သင်္ကြန်က
ကျနော်တို့သင်္ကြန်ပါ
ပိတောက်က
ကျနော်တို့ပိတောက်ပါ၊
ဖောက်ပြားတာလည်းမရှိ
ထောက်ထား မြတ်နိုးစရာအပြည့်နဲ့ပေါ့။
ပြန်ပေးလက်အောက် ခေတ္တရောက်ခိုက်
ဘွိုင်းကောက်တိုက်ပွဲ ဆင်နွှဲတွေးခေါ်
ဥဩကိုလည်းကျေးဇူးတင်စို့
ငါတို့နွေဦး သူ့ဆီကူးဆက်
ချစ်လျက်ကွဲကွာ
မြည်တမ်းပါသော အလွမ်းတောခြေ
မေ့ဖျောက်လေလည်း မစွမ်းနိုင်ရှာ
နှောင်နှစ်ခါမှ
ပြန်ဆုံကြလိမ့် အတာနှစ်ကူး
ပိတောက်ဖူးရေ.. .။ ။
( * ဆရာငြိမ်းသစ် ဖေ့ဘုတ်မှ ယူပါသည်)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar