ကျော်မင်းထွန်း (NEW YORK) - သင်္ကြန်ရေ
ကျော်မင်းထွန်း (NEW YORK) - သင်္ကြန်ရေ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၂
သင်္ကြန်ရေဆိုတာ
မြနန္ဒာတေးနဲ့ ပိတောက်တွေမွှေးသလို
ကတ္တရာလမ်းမှာ
အေးမြပါတယ်။
သင်္ကြန်ရေနဲ့ ရေချိုးပါ..
သင်္ကြန်ရေနဲ့ ခေါင်းလျှော်ပါ။
သင်္ကြန်ရေနဲ့ ရေပက်ပါ..
သင်္ကြန်ရေနဲ့ ရေကစားပါ။
အဲ့ဒီကတ္တရာလမ်းပေါ်က
သွေးစသွေးနတွေကိုတော့
သင်္ကြန်ရေနဲ့ ဆေးချလို့မရဘူး
သွေးကိုသွေးနဲ့ ဆေးချမှရမယ်။ ။
ကျော်မင်းထွန်း (NEW YORK)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar