စနေနေ့က နယူးယောက် ပြည်နယ် ဘတ်ဖလိုးမြို့ (Buffalo) စူပါမားကက်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၁၀ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရ
ကိုကျော်(မြစ်ကြီးနား)၊ မိုးမခ၊ မေ ၁၄၊ ၂၀၂၂

ကျည်ကာအင်္ကျီ နဲ့ စစ်တပ်စတိုင်ဝတ်စုံပြည့် ဝတ်ထားပြီး ဦးထုပ်မှာတပ်ထားတဲ့ ကင်မရာနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြခဲ့တဲ့ ၁၈ နှစ်အရွယ် လူဖြူတစ်ယောက် ရိုင်ဖယ်သေနတ်တစ်လက်နဲ့ ကားပေါ်မှဆင်းလာပြီး TOPS စူပါမားကက်ထဲမှာမှာ ပစ်ခတ်ခဲ့တယ်လို့ ဘတ်ဖလိုးမြို့ရဲမှုး Joseph Gramaglia မှ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့များ ရောက်ရှိခဲ့ပြီးနောက် "သေနတ်သမားက သူ့လည်ပင်းကို သေနတ်နဲ့ ထောက်ထားပါတယ်။ ရဲအရာရှိ ၂ ဦးက သေနတ်သမားအား လက်နက်ချဖို့ပြောခဲ့ပြီးနောက် သူက သေနတ်ချပြီး စစ်ဝတ်စုံကိုချွတ်ခဲ့ပါတယ်၊ အဲဒီမှာပဲ သူက အဖမ်းခံခဲ့ပါတယ်" လို့ ရဲမှုးမှ ပြောခဲ့ပါတယ်။

အပစ်ခံခဲ့ရတဲ့ လူ ၁၃ ယောက်ထဲမှာ လူမည်း ၁၁ ယောက် နဲ့ လူဖြူ ၂ ယောက် ပါဝင်ပြီး အဆိုပါ စူပါမားကက်က လူမည်းတွေအများစုနေထိုင်တဲ့ ရပ်ကွက်မှာ တည်ရှိတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုက လူမျိုးရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ၂ နာရီကြာတဲ့နောက် Erica Pugh-Mathews က စူပါမားကက်အပြင်ဖက်မှာ စောင့်နေခဲ့ပြီး "ကျမတို့က ကျမအမေရဲ့ညီမ ဒေါ်လေးရဲ့ အခြေအနေကို သိချင်နေတာပါ။ ဒေါ်လေးက သူ့အမျိုးသားနဲ့အတူ စတိုးဆိုင်ထဲမှာ ရှိနေခဲ့ပြီး သူတို့နှစ်ယောက်စလုံးက လူကွဲသွားခဲ့တယ်။ သူ့အမျိုးသားက ကျည်ဆံထိမှန်ဖို့ နည်းနည်းလေးပဲလွဲခဲ့တာ၊ သူက အအေးခံတစ်ခုထဲမှာ ပုန်းနေခဲ့တယ်။ ဒါပေမဲ့ အဒေါ်လေးက ဘယ်ရောက်နေမှန်း မသိရသေးဘူး။ ကျမတို့က အဒေါ်လေး အဆင်ပြေသလား ဆိုတာကိုပဲ သိချင်နေတာပါ" လို့ ပြောခဲ့ကြောင်း။ ။
(ABC News - May 14, 2022 - 10 killed in mass shooting at New York supermarket; 18-year-old gunman arraigned)Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar