Breaking News

ကိုအောင်မှိုင်း - ရှင်သန်နေဆဲ

ကိုအောင်မှိုင်း - ရှင်သန်နေဆဲ
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၂

ပျားပန်းခတ် 
လှုပ်ရှားသွားတဲ့စိတ်နဲ့
ယိုစီးသွားတဲ့
မျက်ရည်တွေကြား
ပန်းတပွင့်ဟာ
ရှင်သန်နေဆဲပဲ။

ပန်းတွေကြွေလို့
အစားထိုးဖို့
ဝေနေတဲ့ပန်းတွေ
သူ့ထက်ငါ ချီတက်ရင်း
အားကောင်းမောင်းသန်
ရှင်သန်နေဆဲပဲ။

မီးတောက်တွေထဲက
အိမ်ကိုကြည့်ရင်း
လျှောက်ရမဲ့လမ်းကြောင်း
ဖြောင့်တန်းသွားတယ်
လျှောက်လှမ်းသွားဖို့လဲ
ရှင်သန်နေဆဲပဲ။

အားနဲ့မာန်ပေါင်းလိုက်တော့
လောကပါလတရားဖြစ်လာတယ်။

ဟိရီနဲ့ဩတ္တပ္ပကို ကာကွယ်ခြင်း
ယုတ်ညံ့မှုတွေကို တိုက်ခိုက်ခြင်း
လူ့အဖွဲ့အစည်းကို စောင့်ရှောက်ခြင်း။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ
လွတ်မြောက်မှုအတွက် တိုက်ပွဲ
လောကပါလတရားအတွက် တိုက်ပွဲ။

 ဒါတွေအတွက် 
ရင်ဘတ်ကြီးထဲက မေတ္တာတရားဟာ
ဆက်လက်  ရှင်သန်နေဆဲပါပဲ။

ကိုအောင်မှိုင်း

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar