အမေရိကန်တွင် စီးပွားရေးစိုးရိမ်မှုများ မြင့်တက်လာသဖြင့် လူအများ သုံးစွဲမှု လျှော့ချလာ

(မိုးမခ) မေ ၁၅၊ ၂၀၂၆
အမေရိကန်နိုင်ငံတွင် စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု ယုံကြည်သူများ တိုးလာနေသလို၊ လူအများအပြားကလည်း နေ့စဉ်အသုံးစရိတ်များကို လျှော့ချလာကြောင်း စစ်တမ်းအသစ်များအရ သိရသည်။
Statista က ဖော်ပြထားသည့် YouGov survey တစ်ခုအရ အမေရိကန်က အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းက မလိုအပ်သည့် (အဝတ်အထည် အလှအပ ဇိမ်ခံပစ္စည်း) အသုံးစရိတ်များကို လျှော့ချခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၂၄ ရာခိုင်နှုန်းက အခြေခံလိုအပ်ချက်များ(မီးဖိုချောင်စာရိတ်၊ ရေ မီး လမ်းစာရိတ်) အတွက် အသုံးစရိတ်များကိုပင် လျှော့ချလာကြောင်း ဖော်ပြထားသည်။
Survey တွင် ပါဝင်သူ ၁၆ ရာခိုင်နှုန်းက နေ့စဉ်ကုန်ကျစရိတ်များကို ကာမိစေရန် စုဆောင်းငွေများကို ထုတ်နှုတ် အသုံးပြုနေရကြောင်း၊ ၉ ရာခိုင်နှုန်းက အကြွေးအသစ်များ ယူခဲ့ကြောင်း၊ ၈ ရာခိုင်နှုန်းက side job သို့မဟုတ် တခုထည့်ပိုသော အရန်အလုပ်များ လုပ်ကိုင်လာကြောင်း ဖြေကြားခဲ့သည်။

တစ်ဖက်တွင်လည်း The Economist/YouGov survey အရ အမေရိကန် အရွယ်ရောက်သူ ၆၁ ရာခိုင်နှုန်းက စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာနေသည်ဟု ယုံကြည်နေကြပြီး၊ ၁၅ ရာခိုင်နှုန်းသာ စီးပွားရေးက ပိုမိုကောင်းမွန်လာမည်ဟု ယူဆကြောင်း သိရသည်။
စီးပွားရေးကျွမ်းကျင်သူများက လက်ရှိအခြေအနေသည် စီးပွားရေးပြိုလဲမှုအဆင့်သို့ မရောက်သေးသော်လည်း ဈေးနှုန်း (ဖောင်းပွ) မြင့်တက်မှု၊ ငွေချေးစာရိတ် အတိုးနှုန်း မြင့်မားမှုနှင့် စီးပွားရေးအနာဂတ် မသေချာမှုများကြောင့် စားသုံးသူ၏ ယုံကြည်မှုများ ကျဆင်းလာနေကြောင်း သုံးသပ်ထားသည်။
အမေရိကန် Federal Reserve (Fed) (ဗဟိုဘဏ်) က ငွေဖောင်းပွမှုကို ထိန်းချုပ်ရန် အစိုးရ၏ ချေးငွေအတိုးနှုန်းများကို မြင့်တင်ထားခြင်းကြောင့် ငွေချေးခြင်းနဲ့ သုံးစွဲခြင်း ရင်းနှီးခြင်းတို့ လျော့နည်းလာကာ သုံးစွဲလိုအား နည်းလာသည့် လက္ခဏာများ ပိုမိုမြင်တွေ့လာရကြောင်းလည်း စီးပွားရေးလေ့လာသူများက ဆိုသည်။
လက်ရှိ စစ်တမ်း၏ ရလဒ်များသည် အမေရိကန်လူအများအနေဖြင့် စီးပွားရေးအနာဂတ်အပေါ် စိုးရိမ်မှုများ မြင့်တက်လာနေပြီး သုံးစွဲမှုများကို ပိုမိုသတိထား လျှော့ချလာနေကြောင်း ဖော်ပြနေသည်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar