ခက်ဦး - သွေးလူးရုပ်ရှင်
သွေးလူးရုပ်ရှင်
ခက်ဦး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၂
တကြိမ်ထဲမွှေ့ရမ်းခဲ့ရုံနဲ့
ကျည်ဆန်တွေထဲ
ငါတို့မှာအကြိမ်ကြိမ်
လဲပြိုကျရတယ်
တကြိမ်ထဲမွှေ့ရမ်းခဲ့ရုံနဲ့
ကျည်ဆန်တွေထဲ
ငါတို့မှာအကြိမ်ကြိမ်
မျက်ရည်စိမ့်မိုး
မစဲတတ်တော့တယ်
တကြိမ်ထဲမွှေ့ရမ်းခဲ့ရုံနဲ့
ကျည်ဆန်တွေထဲ
ငါတို့မှာအကြိမ်ကြိမ်
လက်ဝါးကာပြဗလုံးဗထွေး
သွေးအလူးလူးသူ့ရုပ်သွင်
ပြန်ပြန်မြင်နေရတော့တယ် ။
(၁၃.၇.၂၀၁၆)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar