Breaking News

ခန့်ဝါငြိမ်း - မိုးနဲ့မြေ

မိုးနဲ့မြေ
ခန့်ဝါငြိမ်း
(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၂

ငါတို့က
သေနတ်ကိုကိုင်တာ။

မင်းတို့ကို
သေနတ်ကကိုင်တာ။

ငါတို့က
​ကောင်းကင်သြဇာ။

မင်းတို့က
မြေသြဇာ။

ငါတို့သေတာက
ပြည်သူ့မျက်ရည်ထဲ။။

မင်းတို့သေတာက
ပြည်သူ့တံထွေးထဲ။    ။
                     
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar