နေ ထက် နိုင် - " ရင်ဘတ်နဲ့တိုက်တဲ့ စစ်ပွဲတွေ "
" ရင်ဘတ်နဲ့တိုက်တဲ့ စစ်ပွဲတွေ "
နေ ထက် နိုင်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၂
ငါတို့မှာ ခုခံ တိုက်ခိုက်စရာ
လက်နက်ဆိုလို့ ဟောဒီရင်ဘတ်တွေပဲ ရှိတယ်
ငါတို့မှာ
မိုးသည်းထန်လည်း ရင်ဘတ်နဲ့ ကာခဲ့
နေပြင်းပူလည်း
ရင်ဘတ်နဲ့ပဲ ကာခဲ့တယ်
ခေတ်မုန်တိုင်း အရိုင်းအကြမ်းတွေကိုလည်း
ရင်ဘတ်တွေနဲ့ ကာနေရတယ်
ငါတို့ ခေတ်ဟာ
မျှော်လင့်ခြင်း မနက်ဖန်တွေပဲ
ခေတ်ဟာ စစ်ပွဲနဲ့ စစ်ဒုက္ခနဲ့
မြင်မကောင်းတော့ဘူး......
ရွာတွေ မိုးကုပ်စက်ဝိုင်းအောက် ပြာပုံဖြစ်သွား
ဒိုင်းသံ ဝုန်းသံ စစ်လေယာဉ်သံ အော်ဟစ်ပြေးလွှား သံတွေ
ရင်ဘတ်တွေထဲ
လောင်နေတုန်း မီးခိုးတွေ အူနေတုန်းပဲ .......
စက်တင်ဘာ ၇ ၂၀၂၂ မနက်ဖက်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar