Breaking News

ဇမ်သစ်အောင် - အောက်တန်းစား

အောက်တန်းစား
ဇမ်သစ်အောင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၂

သူဝင်လာပြီဆိုတာနဲ့
သူရဲ့ အဂတိလိုက်စားမှုချွေးနံ့ဟာ
ထောင်းခနဲ ထောင်းခနဲ

မုသာဝါဒရေဒီယိုကနေ
ဖားသီချင်းတွေ တပုဒ်ပြီးတပုဒ် လွှင့်နေသလို
သူရဲ့စောက်ပါးစပ်ကနေ
စောက်ရှက်မရှိသော စကားလုံးအပုပ်အသိုးများကို
အောက်တန်းစားဟာ
အားပါးတရထုတ်လွှင့်နေ

မိုးခါးရေတံဆိပ်နဲ့ရေတဗူးကိုစတိုင်နဲ့ဖောက်
ဟန်ပါပါသောက်နေတဲ့ပုံက
အောက်တန်းစား မဟုတ်သလိုလို

ဂလိုဘယ်လိုက်ဇေးရှင်းသူတောင်းစားလို့
ကျနော်က သတ်မှတ်ထားတဲ့ 
အောက်တန်းစားဟာ
ဆန်ကြမ်းတစ်အိတ် ၆ သောင်းကျော်တာကို 
စိတ်မဝင်စား
ဆီတစ်ပိဿာ ၁ သောင်းကျော်တာကိုလဲ မသိချင်
သူ့သခင်ရဲ့ ရွှေဘောတော်ဟာ
ဘယ်လိုတောက်ပြောင်ကြောင်း
ဘောနံ့ဟာ ဘယ်လိုမွှေးတဲ့အကြောင်း
ဘောစုပ်ခြင်းဗျူဟာကို ဘယ်လိုခင်းရကြောင်း
စတဲ့
ဘောမှုရေးရာအဖြာဖြာကိုသာ စိတ်ဝင်စားလေရဲ့

အောက်တန်းစားဟာ
အောက်တန်းစားထုတ် ဆေးလိပ်တလိပ်ကိုယူပြီး
အောက်တန်းစားပြည်ဖြစ် မီးခြစ်နဲ့
ချွစ်..ခနဲ မီးကို ညှိလိုက်တယ်

နောက်
ပျာပျာသလဲ ဒီဇိုင်းနဲ့ 
အောက်တန်းစားဟာ
ပြာကိုခြွေလိုက်တယ် 
သူ့သိက္ခာတွေလဲ ဆေးလိပ်ပြာလို
ကြွေသွားတာကို သူမသိ

အောက်တန်းစားဟာ
အောက်တန်းစားစိတ်ဓာတ်တွေရှိတဲ့
အောက်တန်းစားတိုင်းပြည်ထဲမှာတော့
အောက်တန်းစားလို
အောက်က
တန်းကို ခွေးတကောင်လို
စားနေအုံးမှာပါပဲလေ။ ။


ဇမ်သစ်အောင်
10: 43 AM


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar