အောင်သူငြိမ်း - ကုဇနက်မျဉ်းကွေး- စစ်အေးတိုက်ပွဲအတွင်းမှ သတင်းကောင်း
အောင်သူငြိမ်း - ကုဇနက်မျဉ်းကွေး- စစ်အေးတိုက်ပွဲအတွင်းမှ သတင်းကောင်း
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၂
Thomas Piketty - Capital in the 21st Century (Part 7)
အမှန်ဆိုရလျှင် ကုဇနက်စ်က ၁၉၁၃ နှင့် ၁၉၄၈ ခုနှစ်အကြား အမေရိကန်ပြည်ထောင်စုရှိ ဝင်ငွေနှင့်ပတ်သက်၍ ဖိနှိပ်ထားမှု များရှိခဲ့သည်ကို ကောင်းစွာ သဘောပေါက်ထားပါသည်။ အကြောင်းမှာ များသောအားဖြင့် မတော်တဆသဘောမျိုး ဖြစ် သည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဖြစ်ရသည့် သွေးလန့်မှုအကြိမ်ကြိမ်ကြောင့် များသော အားဖြင့် ဝင်ငွေတိုးတက်ရန် ရပ်တန့်နေရခြင်း ဖြစ်ပါ သည်။ ယင်းမှာ သဘာဝအလျောက် သို့မဟုတ် အလိုအလျောက် သဘောဆောင်သည့် လုပ်ငန်းစဉ်များနှင့် သက် ဆိုင်ခြင်း မရှိပါ။ ၁၉၅၃ ခုနှစ် သူ၏စာအုပ်တွင် သူက သူ၏တွေ့ရှိချက် စာတမ်း များအစုကို သုံးသပ်ထားပြီး စာဖတ်သူများကို အလျှင်စလို ကောက်ချက်ဆွဲသုံးသပ်မှု မပြုကြရန် သတိပေးထားပါသည်။ သို့သော် ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရသည့် အမေရိကန်စီးပွားရေးပညာရှင်များအသင်း ဒက်ထရွိုက်မြို့ အစည်းအဝေးများတွင် သူ၏ရလဒ်များအပေါ် ၁၉၅၃ ခုနှစ်ကထက်စာလျှင် ပို၍အကောင်းမြင်သဘောဆောင် သည့် ဖွင့်ဆိုချက်များကို တင်ပြခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည့် “စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဝင်ငွေဆိုင်ရာ လူတန်း စား မညီမျှမှု” (Economic Growth and Income Inequality) ဟု အမည်ရသည့် သူ၏ ပို့ချချက်တွင် ကုဇနက်စ်မျဉ်းကွေး (Kuznets curve) ဟု ခေါ်သော သူ၏သီအိုရီ ပေါ်ထွန်းလာခဲ့သည်။
သူ၏ သီအိုရီအရ မည်သည့်နေရာတွင်မဆို လူတန်းစားမညီမျှမှုသည် ခေါင် းလောင်းပုံ (bell curve) မျဉ်းကွေးဖြစ်မည်ဟု မျှော် လင့်ထားနိုင်သည်။ တနည်းဆိုရသော် စက်မှုဖြစ်ထွန်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုခရီးစဉ်တလျှောက်တွင် (လူတန်းစားမညီမျှမှုက) အစောပိုင်းတွင် မြင့်တက်လာ၍ နောက်ပိုင်းတွင် ကျဆင်းသွားမည်ဟု ဆိုသည်။ ကုဇနက်စ်၏ အမြင်အရ သဘာဝအလျှောက် အစောပိုင်းကာလတွင် လူတန်းစားမညီမျှမှု မြင့်တက်ခြင်း အဆင့်များသည် များသောအားဖြင့် စက်မှုဖြစ်ထွန်းမှုအဆင့်များနှင့် သက်ဆိုင်နေသည်။ အမေရိကန်ပြည်ထောင်စုတွင် အကျယ်အပြန့်အားဖြင့် ဆိုရလျှင် ၁၉ရာစု၌ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် လူ တန်းစားမညီမျှမှု သိသိသာသာ ကျဆင်းခြင်း ဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှာဆိုလျှင် ၂၀ ရာစု တဝက်ခန့်၌ ဖြစ်ပေါ်ခဲ့သည်။
ကုဇနက်စ်၏ ၁၉၅၅ ခုနှစ် စာတမ်းက အမြင်ပွင့်လင်းလာစေသည်။ ဒေတာများကို အဓိပ္ပါယ်ဖွင့်ဆိုမှု၌ အကြောင်းအမျိုးမျိုး ကြောင့် သတိထားကြရန် စာဖတ်သူများကို သတိပေးခဲ့ပြီးနောက်၊ အမေရိကန်ပြည်ထောင်စုတွင် လူတန်းစားမညီမျှမှု ကျဆင်းမှုအပေါ် မကြာသေးမီက သက်ရောက်ခဲ့ရသည့် ပြင်ပရိုက်ခတ် သက်ရောက်မှုများ (exogenous shocks) ၏ အထူး အရေးကြီးပုံကို ဖော်ပြခဲ့သည်။ မသိသားရိုးသားစွာ ဖြတ်သန်းရင်း စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ပြည်တွင်းကြောင်းချက်များက၊ ပြင်ပသက်ရောက်မှုများအပေါ် မည်သို့ မူဝါဒအရ ကြားဝင်ဆောင်ရွက်မှုများ ပြုပါစေ၊ အလားတူ ရလဒ်များပင် ထွက်ပေါနိုင်ကြောင်း ကုဇနက်စ်က အကြံပြုခဲ့သည်။ သူ၏အိုင်ဒီယာမှာ စက်မှုဖြစ်ထွန်းမှု (industrialization) ၏ အစောပိုင်းအဆင့်များ တွင် လူတန်းစားမညီမျှမှု မြင့်တက်လာစေပြီး၊ စက်မှုဖြစ်ထွန်းမှုမှ ဖြစ်ပေါ်လာသည့် အသစ်သော ဓနဥစ္စာများကို လူနည်းစုက အကျိုးအမြတ် ဖြစ်နိုင်ရန် ကြိုးစားကြသောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအဆင့်များ ပို၍ ဖြတ်သန်းလာ သည့်အခါ လူတန်းစားမညီမျှမှုက အလိုအလျှောက် ပို၍ပို၍ကြီးသော အချိုးဖြင့် ကျဆင်းသွားသည်။ စီးပွားရေးဖွံ့ဖြိုးမှု အသီး အပွင့်များကို ပို၍များသော လူဦးရေက ခံစားခွင့် ရှိလာသည်။ 14
စက်မှုဖြစ်ထွန်းမှု နောက်ဆုံး “အဆင့်မြင့်ကာလ” (advanced phase) သည် ၁၉ ရာစုကုန်ဆုံးပြီး သို့မဟုတ် ၂၀ ရာစုဆန်းစ ကာလတွင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဖြစ်ထွန်းခဲ့သည်ဟု ယူဆနိုင်သည်။ ၁၉၁၃ ခုနှစ်မှ ၁၉၄၅ ခုနှဟ်အကြား အမေရိကန် ပြည်ထောင်စုတွင် လေ့လာတွေ့ရှိရသည့် လူတန်းစားမညီမျှမှု လျော့ကျလာခြင်းကြောင့် ယေဘုယျဖြစ်ထွန်းမှု လက္ခဏာ တရပ်အဖြစ် ပုံဖော်ညွှန်းကြသည်လည်း ဖြစ်နိုင်ပါသည်။ သို့အတွက်ကြောင့် ကမ္ဘာ၏နေရာတိုင်းမဆိုတွင် ဖြစ်ရမည်ဟူ၍ သီအိုရီတရပ်အဖြစ် ပြန်၍ထုတ်ဖော်လာခြင်း ဖြစ်နိုင်ပါသည်။ ကိုလိုနီဝါဒကြောင့် ဆင်းရဲတွင်းနက်ခဲ့ရသည့်နိုင်ငံများ၏ မဖွံ့ဖြိုးသော အခြေအနေမှ နောက်ပိုင်းအလားအလာ အပါအဝင် ရည်ညွှန်းဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ သူ၏ ၁၉၅၃ ခုနှစ် စာအုပ်တွင် ကုဇနက်စ်ဖော်ပြခဲ့သော ဒေတာများမှာ ချက်ချင်းဆိုသလို အားပြင်းသည့် နိုင်ငံရေးလက်နက် ဖြစ်လာခဲ့သည်။ 15 သူက ကိစ္စအပေါ် သီအိုရီထုတ်ရသည်မှာ အလွန်အမင်း ခန့်မှန်းတွက်ဆမှု သဘောဆန်သည်ကို သူကောင်းစွာ သတိပြုမိခဲ့ပါသည်။ 16
မည်သို့ဆိုစေ၊ သူ၏ “ဥက္ကဋ္ဌမိန့်ခွန်း”တွင် ယင်းသို့ အပြုသဘောဆောင်သည့် သီအိုရီကို US ၏ အဓိက စီးပွားရေးပညာရှင်များ ကဲ့သို့သော ကျွမ်းကျင်ပညာ ရှင်များအသင်းသို့ ထည့်သွင်းတင်ပြခဲ့ခြင်းဖြင့် ပရိသတ်များကလည်း ယုံကြည်ဖွယ် ပို၍ရှိစေခဲ့ သည်။ သတင်းကောင်းကို ဂုဏ်သိက္ခာရှိ ခေါင်းဆောင်များက ဆက်၍ဖြန့်ဖြူးခဲ့ကြသည်။ သို့အတွက်ကြောင့် တစုံတရာ ဩဇာသက်ရောက်မှု ကြီးမည်ကို ကုဇနက်စ်သိရှိခဲ့ပါသည်။ သိုအတွက်ကြောင့် ကုဇနက်စ်မျဉ်းကွေး (Kuznets curve) အဖြစ် ထင်ရှားပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ လူတိုင်းက နားလည်နိုင်မည် ဟုတ်-မဟုတ်ဆိုသည်မှာ ပြဿနာ ရှိနေပါသေးသည်။ သို့ဖြစ်ရာ သူ၏အကောင်းမြင်သဘော နမိတ်ဖတ်ချက်ကို နားထောင်နေသူများအတွက် သေချာ စဉ်းစားခဲ့သည်။ သူ၏ နမိတ်ဖတ်ချက်မှာ မဖွံ့ဖြိုးသေးသောနိုင်ငံများအတွက် “လွတ်လပ်သည့်ကမ္ဘာ၏ ဂြိုဟ်ပတ်လမ်း” အတွင်း ရှိနေကြစေရန် ရိုးရှင်းစွာ ရည်ရွယ်သည်ဟု ဆိုခဲ့သည်။ 17 ခြုံ၍ဆိုရလျှင် “ကုဇနက်စ်မျဉ်းကွေးသီအိုရီ”သည် စစ်အေးတိုက်ပွဲ၏ ထုတ်ကုန် တခုသာ ဖြစ်သည်။
နားလည်သဘောပေါက်မှု မလွဲစေရန်ဆိုလျှင် US အမျိုးသားစရင်းအင်းနှင့် ပတ်သက်၍ ကုဇနက်စ် လုပ်ဆောင်ခဲ့သော အလုပ်၊ ပထမဦးဆုံးသော လူတန်းစားမညီမျှမှုဆိုင်ရာ သမိုင်းစဉ်အလိုက် ဒေတာအချက်အလက်များမှာ အထူးအရေးကြီး ကြောင်း မိမိဖော်ပြ ပြောဆိုလိုပါသည်။ သူ၏စာအုပ်များ ဖတ်ကြည့်ပါက ရှင်းလင်းပါသည်။ (စာတမ်းများကမူ တမျိုးဖော်ပြ နေကြပါသည်)။ သူက မှန်ကန်သည့် သိပ္ပံဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံး၌ ဒုတိယကမ္ဘာစစ်အပြီး မြင်တွေ့ရသည့် မြင့်မားသည့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းများမှာ အထူးအရေးပါလှသည့် သွင်ပြင်လမ်းကြောင်းတခု ဖြစ်ပါသည်။ ယခုတိုင် အလွန်အရေးပါသော အချက်ဖြစ်နေပါသည်။ လူတန်းစားအုပ်စုများ အားလုံးက ဖွံ့ဖြိုးမှု အသီးအပွင့်များကို မျှဝေခံစားနိုင်ခဲ့ကြပါသည်။ ပြင်သစ်တွင်ဖြစ်ပေါ်ခဲ့သည့် နှစ် ၃၀ ကြာ ဖွံ့ဖြိုးမှု (Trente Glorieuses) ကြောင့် တစုံတရာသော အကောင်းမြင်ဝါဒ ပေါက်ဖွားလာခဲ့သည်ကိုလည်း နားလည်နိုင်ပါသည်။ ၁၉ ရာစုက ဓနဥစ္စာခွဲဝေ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ရှိခဲ့သော ကမ္ဘာပျက်ကိန်းဟောပြောချက်များကြောင့်လည်း သူ၏တို့၏ ထင်ပေါ်မှုကို တနည်းတဖုံ အားဖြည့်ပေးခဲ့ပါသည်။
မည်သို့ပင်ဆိုစေ၊ ကုဇနက်စ်မျဉ်းကွေး သီအိုရီမှာ များသောအားဖြင့် မှားယွင်းသောအကြောင်းအချက်များ အပေါ်တွင် တွက် ဆ ထားခဲ့ခြင်း ဖြစ်သည်။ သူတည်ဆောက် အခြေခံထားသည့် အချက်အလက်များမှာ အလွန်အမင်း ပြိုလွယ်ကြေလွယ် ရှိနေ ပါသည်။ ချမ်းသာသည့်နိုင်ငံများ အားလုံးတွင် ၁၉၁၄ ခုနှစ်မှ ၁၉၄၅ ခုနှစ်အကြား လူတန်းစားမညီမျှမှု လျှင်မြန်သိသာစွာ ကျဆင်းသွားခြင်းမှာ ကမ္ဘာစစ်များနှင့် စီးပွားရေးနှင့် နိုင်ငံရေးအကြမ်းဖက် သွေးလန့်မှု (ရိုက်ခတ်သက်ရောက်မှုများ) နှင့် များသောအားဖြင့် သက်ဆိုင်နေပါသည်။ (အထူးသဖြင့် အကြီးအကျယ် ကံကောင်းအမြန်အစွန်းရစေခဲ့သော လူအုပ်စုနှင့် ပတ်သက်၍ ဖြစ်သည်)။ ကုဇနက်စ် ဖော်ပြထားသကဲ့သို့ လူအုပ်စုကဏ္ဍများအကြား ဓနဥစ္စာ ရွေ့လျားလာမှု တည်ငြိမ်စွာ ဖြစ်ပေါ်ခဲ့ခြင်းနှင့် စိုးစဉ်းမျှသာ သက်ဆိုင်နေပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar