Breaking News

ဝင်းမြင့် - အဝေးပြေးလမ်း

အဝေးပြေးလမ်း
ဝင်းမြင့်
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၂

ချိုင့်ဝှန်း တောင်တန်း
မြေပြန့် နဲ့ အင်းအိုင် လွင်ပြင်တွေအထိ
သွားကြတော့မလို့လား ။
နှင်းတွေ
နှင်းတွေ
နှင်းတွေ
ဓာတ်ဆီဆိုင်ရှေ့မှာ တမနက်လုံး
တန်းစီ အု့ံဆိုင်းနေလိုက်ကြတာ ။
ဆီဆိုင်ကတော့
ညအိပ်မီးကလေးတွေ ဖွင့်ပြီး
အခုထိ ပိတ်ထားတုန်း ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar