Breaking News

သင်းရည်လွင် - စကားမြစ်

စကားမြစ် 
သင်းရည်လွင်
(မိုးမခ) အောက်တိုဘာ ၂ဝ၊ ၂၀၂၂

ဒါနဲ့ စကားကို ခဏရပ်လိုက်တယ်
စကားအဆက်က နောက်တပတ်မှဖြစ်ချင် ဖြစ်မယ် 
ဒါမှ မဟုတ် တနေ့နေ့ပေါ့ ။

လူတယောက်က သူ့မှာ ပြောစရာ
အကြောင်းအရာတွေ   များသား
မွေးဖွားချိန်ကစလို့ ဆင်ခြေရာတွေလို
ကြောင်လေး နှစ်ကောင်မွေးထားတာတို့
ဆောင်းရာသီ အနွေးထည် မရှိတာလဲ ပါတာပေါ့ 

အိမ်ရှေ့လမ်းပေါ်မြင်းလှည်းမောင်းသွားတဲ့အခါ
မြင်းအိုနေသလို မောင်းသူကလဲ အိုပြီ
ဒါလဲထည့်ပြောစရာထဲ ပါတယ် 
သည်အရွယ်အထိ ထမင်းရှာနေသူအကြောင်း

နိုင်ငံရေးဆိုတာ မခက်ပါဘူး
ခင်ဗျားတို့ဘဝကခင်ဗျား နိုင်ငံတော်ပဲ
ဘဏ်ဓားပြတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး
နိုင်ငံခြားရုပ်ရှင်ကြည့်နေသူက
သူ့လုပ်လက်စ အလုပ်လုပ်ရင်း ပြောတယ် 

စက်ဘီးကစုတ်ပေမယ့် ပြင်စီးလို့ရတယ်
အမှိုက်ပုံကကလေးတွေ စက်ဘီးအစုတ်လေး
ပျော်ပျော်ကြီးတွန်းသွားလေရဲ့

ပြောရင်း ပျော်နေကြ
စကားစက မပြတ်သေးဘူး
အဘွားအိုတယောက်က သူ့အတွက်
ထမင်းဖိုး တုန်တုန်ရီရီ  ပြောရှာတယ်
သူ့လက်က အင်္ကျီအိတ်တဆုံး
စကားစတွေသာ မဆုံးတာ
နောက် တနေ့နေ့ ဖြစ်ချင်ဖြစ်မယ်
ဒါမှမဟုတ်  တန့နေ့လဲ ဖြစ်ချင်ဖြစ်မယ် ။ ။

သင်း ရည် လွင်
1.Oct
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar