Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၆ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၆ )

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂

27/10/22

Diary in the darkness

၂၄ ရက်နေ့ တမနက်လုံး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိုဖိုင်းပုံတွေ အမဲရောင် ပြောင်းနေကြတာတွေ့ရပါတယ်။ ဘာဖြစ်ကုန်ပြီလဲ လို့ သူငယ်ချင်းစာရေးဆရာမ ဆီဖုန်းဆက်မေးကြည့်တယ်။ KIO (Kachin Independence Organisation) ကချင်လွတ်လပ်ရေးအဖွဲ့ ရဲ့ (၆၂) ကြိမ်မြောက်  အထိမ်းအမှတ်ကျင်းပတဲ့ ပွဲကို အာဏာရှင်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူပေါင်း ၆၀ ကျော်သေဆုံးသွားတယ်။ အဲဒါကြောင့် ခုလို ပရိုဖိုင်း ပြောင်းတဲ့လှုပ်ရှားမှုကို လုပ်တာလို ပြောပါတယ်။ 

နောက်ဆက်တွဲသတင်းတွေအရ သေဆုံးသူတွေထဲမှာ ကချင် ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ အနုပညာသည်တွေ၊ လုပ်ငန်းရှင်တွေ လည်းပါဝင်တယ်လို့သိရပါတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း မြန်မာပြည်သူများအပါအဝင် တကမ္ဘာလုံးက ထုတ်ဖေါ်ကန့်ကွက်ကြတယ်။ စစ်အစိုးရ က သူတို့ ဗုံးကြဲတဲ့နေရာဟာ ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေ နေတဲ့ ဖားကန့်မြို့နယ် အနန့်ပါ အရပ် ဖြစ်တယ်လို့ ကြေညာတယ်။ ကချင် လွပ်လပ်ရေးအဖွဲ့ကတော့ ဒီနေရာဟာ သူတို့တပ်စခန်းနေရာမဟုတ် အများပြည်သူခရီးသွားတွေ နားတဲ့ ဈေးဆိုင်တန်းနေရာဖြစ်တယ်လို့ အထောက်အထားနဲ့တကွ ပြောပါတယ်။ ဆက်တိုက်ဆိုသလိုပါပဲ ကချင်ခေါင်းဆောင်ဂွမ်မော်က စစ်အာဏာရှင် မင်းအောင်လှိုင်ဆီကို တိုက်ရိုက်စာရေးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ ကြေကွဲဝမ်းနည်းမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမယ်လို့ စာထဲမှာ အတိအလင်းရေးထားပါတယ်။

ဒီလူသတ်ပွဲရဲ့ ဂယက်ဟာ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းထိပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ၊ ဥရောပ သမဂ္ဂ နဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာကြပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်းထောက်ပြကြပါတယ်။ ဒီလူသတ်မှုကြောင့် မကြာမီပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ အာစီယံ အစည်းဝေးတွေမှာ မြန်မာစစ်အစိုးရဟာ ရက်စက်တဲ့ လူသတ်သမားအဖြစ် ထင်ထင်ရှားရှား ပုံပေါ်လာတော့မှာ ဖြစ်ပါတယ်။

ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် အသီးသီးအတွက်လည်း ပိုမိုသွေးစည်းဖို့ လမ်းပွင့်သွားပါတယ်။ 

စည်းကမ်းပျက်နေတဲ့ အာဏာရှင်စစ်တပ်ဟာ မဲမဲမြင်သမျှကို ရန်ပြုတိုက်ခိုက်နေပါပြီ။ ခွေးရှုးတစ်ကောင်လိုဖြစ်နေပါပြီ။ အသိတရားကင်းလွတ်နေသူဟာ သူ့အင်အားကြီးတာနဲ့အမျှ အမှားကြီးကြီးတွေ ကျူးလွန်လေ့ရှိတာသဘာဝဖြစ်ပါတယ်။ 

သူ့အမှားကို သူ့အားနဲ့သူ  ပြန်လည် တိုက်ခိုက် ဖို့ အခွင့်အလမ်းတွေ တခုပြီးတခု ပြည်သူတွေ လက်ထဲရောက်လာနေပါပြီ။

အန်ကယ် တူမီး

~~~~~~~~~~~~~~~~~~~~~~~~

27/10/22

Diary in the darkness

On the morning of the 24th, profile pictures on social networking sites were seen turning black. I called my writer friend and asked what happened. More than 60 people were killed when the dictator's army bombed the KIO (Kachin Independence Organization)'s (62nd) anniversary event. That's why he said he wanted to do the profile change activity.

According to subsequent reports,  among the dead were Kachin leaders,  artists, businessmen  and many people are also involved. The entire world, including the people of Burma, protested that the junta's actions were inhumane. The junta announced that the place where they bombed was Anantpa area of Pha kant Township, where Kachin ethnic armed forces live. The Kachin Liberation Organization said with evidence that this place is not their camp, but a shopping area frequented by public tourists. As is the case, there are reports that Kachin leader Guan Mao wrote directly to the military dictator Min Aung Hlaing. The letter clearly states that heartbreak and tears will become the revolution's roots.

The issue of this massacre hit the international diplomatic community hard. The United Nations The European Union and world organizations have announced their strong opposition. They point out that this is a war crime. Due to this murder, the Burmese military regime will appear as a brutal murderer at the upcoming UN General Assembly and ASEAN meetings.

It also opened the way for various ethnic armed groups in the country to unite more.

The tyrannical army, which is out of order, is attacking everything it sees. It's like a foolish dog. It is natural for a person who lacks awareness to commit big mistakes as his power increases.

So, in this case people would been  got the one opportunity after another  to attack back the regime surely.

Uncle Tu-Mee



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar