Breaking News

ဒီသစ် - မြိုင်ထ

မြိုင်ထ
ဒီသစ် 
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၂

သွား​​တွေစေ့စေ့ပြီး
အသက်ပြင်းပြင်းရှူနေရတော့
အာခေါင်တွေ ခြောက်လှပေါ့။

"ရောဘတ်ဖရော့(စ်)ရဲ့...
 လူမလျောက်ခဲ့တဲ့လမ်း" ...မှာ
"ဆည်းဆာရီ"...ဟာ
ပြီတီတီလေးပြုံးလို့နော့။

"ပျားရည်"...ရေ...
ဒို့ရွေးတဲ့လမ်းက
မြက်ကြမ်းတွေ ထူသကွယ့်။

ဟိုး...တပြဆို
ညိုမြတို့လယ်တဲ ရောက်ကောင်းရဲ့
ရေချိုလေး တပေါက်စ
ရလောက်ပေငဲ့။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar