မင်းငြိမ်းအေး - အောက်တိုဘာသစ်ကျမ်း
အောက်တိုဘာသစ်ကျမ်း
မင်းငြိမ်းအေး
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၂
အဖေ
သွေးစွန်းတဲ့သမိုင်းဆိုတာ
ထိပ်တုံးတွေကိုဖျက်ရတယ်
ထောင်ကိုလည်းဖောက်ရတယ်
ဘာသာရေးကျမ်းဂန်တွေလက်လွတ်ရတယ် ။
အဖေ
မတ်စ်ရဲ့လူတန်းစားတိုက်ပွဲဟာ
မပြီးသေးဘူး ။
အဖေ
သမိုင်းကိုသမီးဆက်ဖတ်မယ် ။
အဖေ
မိဘမဲ့ချင့်မဲ့
သမိုင်းမဲ့လို့မရဘူး ။
အဖေ
ကောက်ရိုးတစ်မျှင်မျှဆွဲမိတယ်ဆိုရင်
သမီးကိုခွင့်မလွတ်ပါနဲ့ ။
အဖေ
လီနင်ဟာ
သူ့နိုင်ငံရဲ့သွေးပြန်ကြောကိုခဲပြီး
ဝင်လာတဲ့မြွေ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar