Breaking News

နိုင်မွန်အောင်သွင် - မပျော်ရွှင်မှုအရေပြား

Image- Crd
မပျော်ရွှင်မှုအရေပြား
နိုင်မွန်အောင်သွင်
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၂

ယားယံမှုက
နက်နက်ရှိုင်းရှိုင်းပဲ။
သက်သာသွားမှာပါ။
အဆင်ပြေသွားမှာပါ။

ရယ်စရာပြောတဲ့သူက
အရသာမရှိလှတဲ့စကားလုံးတွေနဲ့  
သွေးထွက်လောက်အောင်ကုတ်ဖဲ့နေတယ်။

တခါတခါ အယားပြေမလားလို့
တိမ်တွေကို ငေးရ။
မီးခိုးတန်းများလို ပြေးရ။

မိမိကိုယ်ကိုချစ်သလို
အိမ်နဲ့ဘယ်သူမှဝေးချင်ကြမှာမဟုတ်ဘူး။

ဘဝဆိုတာ
အနာတခြား ဆေးတခြားရဲ့
အသားတံဆိပ်၊
ကျာပွတ်ရာပေါ်မှာ
ဘယ်သူတွေ အဆိပ်သင့်ကခုန်နေကြပါသလဲ။
သက်သာသွားမှာပါ
အဆင်ပြေသွားမှာပါ
နိုင်ငံတော်ရဲ့ကျောမှာက
မကြည့်ရက်စရာ မရှုရက်စရာ။

၂၃.၁၀.၂၀၂၂
* ကဗျာဆရာ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar