ဝါကျဖြူ - မျက်တွင်းဟောက်ပက်တိမ်
မျက်တွင်းဟောက်ပက်တိမ်
ဝါကျဖြူ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၂
ရေဆာလောင်နေတဲ့ဟော်လိုဂစ်တာလေးထဲက
ပြဇာတ်ခင်းကြီးကညှီစို့စို့ရနံ့တွေနဲ့ညနေခင်းလမ်းမပေါ်ကဘတ်စ်ကားတွေနဲ့
လူသားတွေကိုတဖြုတ်ဖြုတ်ခြွေချပစ်နေကြသလိုမျိုး ။
လူသားကိုယ်ထည်ပေါ်ကအလျှားလိုက်မီးသီးလေးတွေ
အမှောင်ရိပ်ထဲထိုးဆင်းငိုက်မြည်းကျနေပုံကစစ်ပွဲတွေ
ရေသောက်ဆင်းနေကြသလိုမျိုး။
ဟောင်းလောင်းပေါက်ဧဝရက်တောင်ကိုမျှားနေတဲ့လူသားတွေရဲ့
ဟောင်းလောင်းပေါက်သဘောတွေ
ဟောင်းလောင်းပေါက်နှလုံးသားတွေထဲဖြတ်မောင်းနေခဲ့ရသလိုမျိုး ။
27/11/22
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar