Breaking News

ကိုအောင်မှိုင်း - လမ်းပြကြယ်


ကိုအောင်မှိုင်း - လမ်းပြကြယ်

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၂


ကြွေနေတဲ့

ကြယ်တွေကိုရေတွက်ရင်း

မင်း အာသာဖြေနေတာလား။

ကြွေနေတဲ့

ကြယ်တွေရဲ့ မိုးတံတားမှာ

မင်းလူတယောက်မဖြစ်သေးလား။

ကြွေနေတဲ့

ကြယ်တပွင့်ခြင်းရဲ့နာကျဥ်းမှုကို

မင်းဥပက္ခာပြုနိုင်ရက်သလား။

ကြွေနေတဲ့

ကြယ်ပွင့်များစွာဟာ

သီချင်းသစ်တွေဆိုပြီး

သမိုင်းသစ်ကို ဖန်တီးပေးခဲ့ကြတယ်။

ကြွေနေတဲ့

ကြယ်တပွင့်ချင်းရဲ့ တန်ဘိုး

ကြီးမြတ်မှု ချစ်ခြင်းမေတ္တာဟာ

အရာရာထက် ကြီးကျယ်ခမ်းနားတယ်။

ကြွေနေတဲ့

ကြယ်တပွင့်ချင်းရဲ့ စွန့်လွှတ်မှု

အနစ်နာခံမှု လမ်းပြမှုတွေဟာ

အနာဂါတ်အတွက် ပန်းတွေဝေနေခြင်းဘဲ။


မိုးကောင်းကင်မှာ

ကြယ်တွေကြွေနေတာမဟုတ်ဘူး

ဝေနေကြတယ်ဆိုတာ လောကအတွက်

တလောကလုံးဆိုင်ရာ အမှန်တရားဘဲ။

ကြွေနေတဲ့

ကြယ်တပွင့်ချင်းကို ဦးခိုက်လို့

အတူဆုံချင်တယ် တိုက်ပွဲတွေမှာ

ရောင်နီဦးရဲ့ နေ့သစ်တွေ အထိပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar