Breaking News

မိုး သက် ငြိမ် ဦး - ခေါ်သံကြားလား

ခေါ်သံကြားလား
မိုး သက် ငြိမ် ဦး
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၂

၆၂ က စ လွတ်နေတဲ့ခွေးသရမ်းကြီးဟာ
၂၀၂၁ အထိ လွတ်မြောက်နေတုန်းပဲ
အမည်နာမတွေဘယ်လိုပင်ပြောင်းနေပေမယ့်
ခေတ်ကာလတွေဘယ်လိုပင်ရွေ့နေပေမယ့်
ခွေးသရမ်းကြီးရဲ့စရိုက်လက္ခဏာက
ဘာမှမပြောင်းလဲ အရင်အတိုင်းပဲ ။

....နောင်ကို ဆူဆူပူပူ လုပ်ရင်......စသဖြင့်
....မိုးပေါ်ထောင်မဖောက်ဘူး...စသဖြင့်
.တစ်နိုင်ငံလုံးကို လှန်ပြကော့ထိုးခဲ့တဲ့ ခွေး...
လူမသိသူမသိစျာပနကို လူတွေသိသွားခဲ့ကြ
ခွေးတစ်ကောင်ရဲ့နေဝင်ချိန်မှာ
ခွေးသရမ်းကိုခွေးတွေတရွတ်တိုက်
ဝိုင်းဆွဲနေကြတဲ့

ငရဲခေါ်သံကြားလား ။

အဲ့ဒီနောက် ၈၈ 
ဂျိုကုပ်ဒူးကြီးကျောပြောင်
ဂျိုကုပ်ဖင်တွန့်....စသဖြင့်စသဖြင့်...မှသည်
ခွေးဘီလူးကြီး ။
တောခိုကြ တော်လှန်ကြ.. ရင်ထဲကြိမ်မီးအုံး
ဟုန်းဟုန်းတောက်သွေးတွေပေါက်ကွဲဆူပွက်ကြ
ကြွေလွင့်ခဲ့ရကြယ်ပွင့်တွေအတွက်သစ္စာပြုကြ
...ကမ္ဘာမကြေဘူး....
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ...

နားပါးတဲ့ခွေးတွေဟာ နားစွင့်နေကြမှာပဲ
စာဖတ်ချင်ယောင်ဆောင်နေပေမယ့်
အသံတွေကိုကြားမှာပဲ
အခု ငါတို့အော်နေတဲ့

တိုက်ပွဲခေါ်သံကြားလား ။

အဲ့ဒီနောက် ၂၁
ခွေးကခွေးဆိုတော့ ခွေးရဲ့ဗီဇကိုမဖျောက်ဘူး 
မဲမဲမြင်ရာ ကိုက်ဆွဲတယ်
လူက လဲ လူဆိုတော့ လူရဲ့စရိုက်အတိုင်း
အဓမ္မကိုတွန်းလှန်တယ်
အရင်ကတော်လှန်ရေးဆိုတာ တောထဲမှာပဲ
အခုတော်လှန်ရေးက မြို့ပြစစ်ဆင်ရေး
အရင်ကယူနီဖောင်းဝတ်ကိုဖင်တုန်အောင်ကြောက်ရ
အခုယူနီဖောင်းဝတ်တွေကိုအစိမ်းလိုက် - င်ချကြ

ခေတ်က ရွေ့နေတယ်
စစ်ကလဲရွေ့နေတာပဲ

မအလ မအလ...ဆိုပြီးမအေနဲ့ကိုင်တုပ်ဆဲဆို
ဂျိုကျိုးနားရွက်ပဲ့ ခွေးဆိုးတဖွဲ့လုံးကို
တည်တည်ပပ တိတိကျကျ ထိပ်တိုက်

စိန်ခေါ်သံကြားလား ။

ဓမ္မတရားကသာအောင်မြင်ရမယ့်

နွေဦးခေါ်သံကြားလား ။

စနစ်ဆိုးကိုအမြစ်ကဆွဲနှုတ်မယ့်

D Day ခေါ်သံကြားလား ။ ။

29.11.2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar