မောင်ထိုက်အောင် - ပကတိရုပ်ရှင်
မောင်ထိုက်အောင်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၂
ကိုယ်လက်အင်္ဂါမပြည့်တဲ့ဆောင်းထဲ
ကစုန်ဆိုင်းမောင်းလာသောဆူးလှည်း
တချိန်က ရေဆင်းကူးခဲ့တဲ့မြစ်ဆီကိုပဲ
အလောင်းအဖြစ်နဲ့ သူတို့ပြန်သွားကြ
မြေသားအတိုင်း ပကတိရှိနေတဲ့
လယ်ကွင်းတွေက စွတ်စိုနီစွေးလို့
ငါတို့ဆွဲထားတဲ့ ကောက်ရိုးမျှင်များဟာ
သွားလေသူတို့ရဲ့ ကြိုးကွင်းများသာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar