Breaking News

ခိုင်မျိုး - ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၂

ငယ်ငယ်ထဲက
ဟော်တယ်ကာလီဖိုးနီးယားကိုကြွေတယ်
ဒဘလ်ဝမ်းမန်းကိုကြွေတယ်
ကြီးတော့လည်းလိုက်ကြွေနေရတာနဲ့တင်
အသက်ကြီးခဲ့တယ်
အခုအနုမြူဓါတ်ပေါင်းဖိုက
ထွက်လာတဲ့ဗော်လကာအရက်နဲ့
သိုးပေါင်သားကင်ကို
ချင်းတွင်းမြစ်ဘေးမှာမြည်းနိုင်ပြီလား
အမေရိကန်အလံဘစ်ကနီနဲ့
ကမ္ဘာပတ်လာတာပူတင်ပဲ
မီးကမလာဘူး
ဖယောင်းတိုင်ထွန်းရာကမီးလောင်မှုဟာ
ဖြစ်ပွားပြီးပြီ
မီးစက်အော်သံဘေးမှာရူးနေတဲ့မိန်းမတယောက်နဲ့ငါးအပုပ်တွေ
လမ်းပေါ်ကြေနေတဲ့စိတ်ကို
ကားတစ်စီးဖြတ်နင်းသွားလေရဲ့
ဘဝကနှစ်ပေါင်းများစွာ
အပုံလိုက်
ကျွတ်ကျဆွေးမြေ့ရိရွဲနေတော့တာပဲပေါ့
ရွာထဲမှာ
ရဟတ်ယာဥ်သံကြားရပြန်ပြီ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar