မောင်စွမ်းရည် - နှစ်သစ် အဓိဋ္ဌာန် (၂)
မောင်စွမ်းရည် - နှစ်သစ် အဓိဋ္ဌာန် (၂)
(မိုးမခ) ဒီဇင်ဘာ ၁၃ ၊ ၂၀၂၂
ရန်ကိုရန်ချင်း၊ ရန်ပုံခွင်း
ပင်ရင်း ဒို့ဝန်တာ။
ကိုယ့်ဖက်သားချင်း၊ အချင်းချင်း
အချင်းမများရာ။
ကိုယ့်ရဲဘော်ချင်း၊ အချင်းချင်း
ရိုင်းပင်း ကူညီပါ။
ပန်းတိုင်လဲတူ၊ ခေါင်းဆောင်တူ
အတူလက်တွဲပါ။
ဒီမိုကရေစီ၊ ပန်းတိုင််ဆီ
တူညီ ချီတက်မှာ။
ခေါင်းဆောင် အမေစု၊ ဦးဆောင်မှု
ပြည်သူ့ ဦးတည်ရာ။
နှစ်သစ်အဓိဋ္ဌာန်၊ သန္ဒိဋ္ဌာန်
မြဲမြံထက်သန်မှာ။
ထက်သန် မြဲမြံပါ။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar